29 C
Yangon

မုံရွာတွင် ၂ ရက်ဆက်တိုက် ပေါ်တာဆွဲဖမ်းဆီးမှုများကို စစ်ကောင်စီက လုပ်ဆောင်နေ

Must read

ရန်ကုန်၊ ဩဂုတ် ၂၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ၂ ရက်ဆက်တိုက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ခြင်းဖြင့် စစ်မှုထမ်းမည့် တပ်သားသစ်များ စုဆောင်းနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဩဂုတ်လ ၂၅ ရက်နေ့တွင် မုံရွာမြို့ပေါ် ရွှေကုန်းရပ်ကွက် အပါအဝင် ရပ်ကွက်အများအပြားနှင့် မုံရွာမြို့တောင်ဘက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ဩဂုတ်လ ၂၆ ရက်နေ့တွင်မူ မုံရွာမြို့တွင်း ထန်းတော ရပ်ကွက်အတွင်းသို့ ဝင်ရောက်၍ လူငယ်များကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

“မနက် ၁၁ နာရီလောက်က ဘုန်းစိုးကျောင်း၊ ဘုန်းစိုးကန်နားမှာ စောင့်ပြီး ဖမ်းတယ်၊လူငယ် ၄ ယောက်ပါသွားတယ်”ဟု မုံရွာမြို့မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့ပြင် မုံရွာမြို့ ထန်းတောရပ်ကွက်အတွင်းသို့လည်း ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် စစ်ကောင်စီ တပ်က အိမ်စီးကားများဖြင့် ၀င်ရောက်ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ(၂၅)ရက်နေ့ကလည်း မုံရွာမြို့ပေါ် နှင့် မုံရွာနယ်တောင်ဘက်အခြမ်းကျေးရွာများကို စစ်ကောင်စီတပ်က အဓ္ဓမ ပေါ်တာဆွဲဖမ်းဆီးမှုကြောင့် ပြည်သူ ၁၀၀ ၀န်းကျင် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက် ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက် ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article