33 C
Yangon

MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု စာသင်ကျောင်းနှင့် နေအိမ် ထိခိုက်ပျက်စီး

Must read

MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု စာသင်ကျောင်းနှင့် နေအိမ် ထိခိုက်ပျက်စီး

ရန်ကုန်၊ ဩဂုတ် ၃၁

ရှမ်းပြည်မြောက်ပိုင်းတွင် ကိုးကန့်တပ်မတော် MNDAA က သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးကျဲချခဲ့သဖြင့် စာသင်ကျောင်းနှင့်နေအိမ် ထိခိုက်ပျက်စီးသော်လည်း လူထိခိုက်မှုမရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ် ၃၀ ရက်နေ့ ည ၈ နာရီ ၂၅ မိနစ်ဝန်းကျင်အချိန် လားရှိုးမြို့ပေါ်သို့ လေယာဉ်ဖြင့် ဗုံး ၂ ကြိမ် ကျဲချသွားခဲ့ကြောင်း၊ အဆိုပါဗုံးများသည် အမှတ် ၈ အခြေခံပညာအထက်တန်းကျောင်းဆောင် ထိခိုက်ပျက်စီးခြင်းနှင့် နေအိမ် ထိခိုက်ပျက်စီးသွားကြောင်း ၊ သို့ရာတွင် လူထိခိုက်မှု မရှိကြောင်း သိရှိရသည်။

“မနေ့ညက ဗုံးကျဲချတာ မီးတွေပါပွင့်သွားပြီး ပေါက်ကွဲသွားတယ်။ လူထိခိုက်မှုမရှိဘူးလို့ကြားတယ်။ နောက်ထပ် ဗုံး ၁ လုံးမပေါက်ကွဲသေးဘဲ ကျန်နေတယ်လို့ ပြောတယ်” ဟု လားရှိုးမြို့မှ CJ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

MNDAA က ဩဂုတ်လ ၃ ရက်နေ့တွင် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၁ လနီးပါးကြာမြင့်လာချိန်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- လားရှိုးမြို့တွင် ယမန်နေ့ ညပိုင်း စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပျက်စီးသွားသော အဆောက်အအုံများ။

Photo- Saw Nay Wai Soe ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article