26 C
Yangon

လာအိုနိုင်ငံတွင် အလုပ်လုပ်နေရာမှ နေရပ်ပြန်ကြသည့် “၀” လူမျိုးတချို့ ယမန်နေ့ လှေမှောက်မှု ဖြစ်ပွားပြီး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၃

လာအိုနိုင်ငံ၊ ရွှေတြိဂံဒေသတွင် အလုပ်လုပ်နေကြသည့် “၀” လူမျိုးများသည် နေရပ်ပြန်ကြစဉ် လှေမှောက်ရာမှ သေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း လာအိုနိုင်ငံမှ မြန်မာအလုပ်သမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့ လာအိုနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်အခြမ်းသို့ ပြန်ရန် လှေဖြင့် ကူးကြစဉ် လှေတိမ်းမှောက်ခဲ့ကြောင်း၊ လှေမှောက်မှုကြောင့် နေရပ်ပြန် “၀” လူမျိုး ၃၀ ဝန်းကျင်သေဆုံးခဲ့ပြီး ပျောက်ဆုံးသူများလည်းရှိကြောင်း၊ နေရပ်ပြန် “၀” လူမျိုးများမှာ UWSA က နေရပ် ပြန်လာရန် ဆင့်ခေါ်သဖြင့် ပြန်လာကြစဉ် လှေမှောက်၍ သေဆုံးမှုများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

” ၀ လူမျိုးတွေကို စက်တင်ဘာလ ၇ ရက်နေ့ နေရပ်ပြန်လာဖို့ ဆင့်ခေါ်လို့ “၀” တွေ အကုန် အိမ်ပြန်ကြတာ။ သူတို့က အလုပ်လုပ်နေကြတာက ရွှေတြိဂံ လာအိုမှာ အလုပ်လုပ်နေကြရင်း အမိန့်ထွက်လာလို့ “ဝ” အမျိုးသားတွေက အကုန်အိမ်ပြန်ကြတာ။ လှေမှောက်တာက ကမ်းကူးရင်း လှေမှောက်တာ။ ထိုင်းဘုရားနားမှာ လှေမှောက်တာ။ “၀” လူမျိုးတွေ သေဆုံးမှုရှိတယ်။ အရေအတွက် အတိအကျတော့မသိဘူး။ ၃၀ လောက် သေတယ်လို့လည်းပြောတယ်။ ၂၀ လည်းလို့လည်းပြောတယ်” ဟု လာအို၊ ရွှေတြိဂံရောက် မြန်မာအလုပ်သမားခေါင်းဆောင်တစ်ဦးက ရှင်းပြသည်။

ရှမ်းပြည်၊ အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်းရှိ ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်းစစ်ဒေသ ၁၇၁ က စစ်မှုထမ်း တပ်သားသစ် ၄၀၀၀ စုဆောင်းမည်ဖြစ်ပြီး ပြည်ပရောက် ‘ဝ’အမျိုးသားများကို နေရပ်ပြန်ကြရန် ဩဂုတ်လ ၃၀ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ ကြေ ညာချက်တွင် မိုင်းဆတ်ခရိုင်အတွင်း နေထိုင်ပြီး လာအိုနိုင်ငံသို့ အလုပ် သွားရောက်လုပ်ကိုင်နေသည့် ‘ဝ’အမျိုးသားများကို အမြန်ဆုံး နေရပ်ပြန်ပြီး စစ်ရေးကော်မတီများထံ စက်တင်ဘာလ ၇ ရက် နောက်ဆုံး စာရင်းပေးသွင်းရန် ၊ ပြည်ပရောက်နေသူများသည် သတ်မှတ်ချိန် ကျော်လွန်၍ စာရင်းပေးသွင်းရန် ပျက်ကွက်ပါက အုပ်ချုပ်ရေးနှင့် စစ်ရေးကော်မတီ၏ ဖမ်းဆီးအရေးယူမှု ခံရမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article