27 C
Yangon

မန္တလေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု ဗိုလ်မှူး ကြီး ၁ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး စစ်တပ်စည်းရုံးရေးသင်တန်း ကျောင်းပျက်စီးဟု BMW အဖွဲ့ ပြောဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

မန္တလေးမြို့၊ နန်းတွင်းရှိအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ ရှေ့တိုက်ဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ ဒုစစ်ခေါင်းဆောင် ချုပ်စိုးဝင်း၏ ကိုယ် ရေးအရာရှိ ဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၃ ရက် နံနက် ၄ နာရီ ၈ မိနစ် အချိန် Brave Warriors for Myanmar (BW M) အဖွဲ့ ၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့က မန္တလေး ရှိ၊ အာဏာသိမ်း စစ်ရှုံးကောင်စီ၏ အ လယ် ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးပစ်ခတ်ခဲ့ရာ ၇ လုံး သည် ပစ်မှတ်များကို ထိမှန်ပေါက်ကွဲခဲ့ပြီး ဒုချုပ်စိုးဝင်း၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီးတစ်ဦးအပါအ ဝင် ၇ ဦးသေဆုံးကာ ၂၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒုချုပ်စိုးဝင်းသည်လည်း နေပြည်တော်ကို လေယာဉ်ဖြင့်ချက်ချင်း ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ထို့အပြင် ရှော့တိုက်ဒုံးများသည် ရဆလ-၁ (ရှေ့တန်းအခြေချဆေးသိုလှောင်ရေးတပ်)ကို ရှော့တိုက်ဒုံး ၁ လုံး၊ မဆလ -၁ (စစ်မြေပြင်ဆေးတပ်ရင်း) ကို ရှော့တိုက်ဒုံး ၁ လုံး၊ အမှတ် ၁ တိုက်ပွဲဝင်စည်းရုံးရေး သင်တန်း ကျောင်းကို ၁ လုံး၊ လပခ တိုင်းရုံးကို နှစ်လုံးနှင့် ထပရ – ၁၂၁ (ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး တပ်) ကို ၂ လုံး ထိမှန်ခဲ့ပြီး တိုင်းရုံး၊ စစ်ဆေးရုံနှင့်စစ်မြေပြင်ဆေးတပ်ရင်း၊ စည်းရုံးရေးသင်တန်း ကျောင်း တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ စစ်ဆေးရုံနဲ့ စစ်မြေပြင်ဆေးတပ်ရင်းကို ထိတာ စစ်ခွေး ၂၀ လောက်ဒဏ်ရတယ်လို့သိရတယ်၊ စည်းရုံး ရေးသင်တန်းကျောင်းပျက်စီးတယ်။ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံး(လပခ)ကို ထိတာမှာ ဒုချုပ် စိုးဝင်းရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီးတစ်ဦးပါအဝင်အရာရှိ ၃ ဦးနဲ့ တပ်သား ၄ ဦးသေတယ်။ ရှော့ တိုက်ဒုံး ၂ လုံးက စိုးဝင်းအိပ်တဲ့နေရာနဲ့ မီတာ ၄၀ လောက်မှာ ပေါက်ကွဲခဲ့လို့ ဒုချုပ်စိုးဝင်းလည်း မ နက် ၄ နာရီ ၄၅ မိနစ်မှာ လေယာဉ်နဲ့ နေပြည်တော်ကို ပြန်ပြေးသွားတယ်လို့ သိရပါတယ်။ ဒီအချက် အလက်တွေက ဖရဲသီးသတင်း ရင်းမြစ် နှစ်ခုကနေ အတည်ပြုပေးထားတာပါ” ဟု Brave Warriors for Myanmar (BWM) မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောကြားသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းရှိ စစ်ကောင်စီနှင့် တရုတ်၏ ပူးပေါင်းလုပ်ဆောင်နေသည့် အကြီးစား Drone Centre တစ်ခုလည်း ရှော့တိုက်ဒုံး ထိခိုက်ပျက်စီးခဲ့ပြီး ယင်း Drone controlling station ကို ထိ မှန်မှု ကြောင့် Drone ဖြင့် ကင်းထောက် တိုက်ခိုက်နေမှုများ အနည်းနှင့် အများ သက်သာသွားနိုင်ကြောင်း၊ ရှမ်း-မန်း စစ်ဆင်ရေးအတွက် အလွန် အကျိုး အမြတ်ကြီးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း၌ အကြမ်းဖက်စစ်ခေါင်းဆောင် ဒုတပ်ချုပ်စိုးဝင်းသည် ကိုယ်တိုင်ရောက်ရှိ နေပြီး ရှမ်း-မန်းစစ်ဆင်ရေးကို တန်ပြန် တိုက်ခိုက်ရန် ကိုယ်တိုင်အနီးကပ်ကြီး ကြပ်ကွပ်ကဲနေခြင်းဖြစ်ကြောင်း၊ BMW အနေဖြင့် ပိုမိုပြင်းထန်သည့်မစ်ရှင်များ ဆက်လက်အရှိန်မြင့်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထား သည်။

ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့သော BWM အဖွဲ့အနေဖြင့် စစ်ကောင်စီ၏ လေ တပ်နှင့် အခြားအရေး ကြီးသည့် စစ်ရေးပစ်မှတ်များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခြင်းအားဖြင့် နိုင်ငံတဝန်းတော်လှန် ရေး အင်အားစုများနှင့်အတူ ဟန်ချက်ညီစွာတိုက်ပွဲ ဝင်လျက်ရှိကြောင်း၊ အေလာလေတပ်စခန်း ကို ၂ ကြိမ်၊ တောင်ငူ လေတပ်စခန်းကို ၃ ကြိမ်၊ တံတားဦး လေတပ်စခန်းကို ၁ ကြိမ် တိုက် ခိုက်ခဲ့ပြီး ဖြစ် ကြောင်း၊ စစ်ကောင်စီပြိုလဲသည်အထိ အရှိန်အဟုန်မြှင့် ၍တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article