26 C
Yangon

ပခုက္ကူ -ကမ္မ လမ်းပိုင်း ညောင်လှလမ်းခွဲရှိ စစ်တပ် စခန်းမှ စစ်ကောင်စီ တပ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွား၍ တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် မီးရှို့ရှင်းလင်း

Must read

ပခုက္ကူ -ကမ္မ လမ်းပိုင်း ညောင်လှလမ်းခွဲရှိ စစ်တပ် စခန်းမှ စစ်ကောင်စီ တပ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွား၍ တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် မီးရှို့ရှင်းလင်း

ရန်ကုန်၊ စက်တင်ဘာ ၉

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ -ကမ္မလမ်းပိုင်း ညောင်လှလမ်းခွဲရှိ အကြမ်းဖက် စစ်တပ်စခန်းမှ စစ်ကောင်စီ တပ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွား၍ ဝင်ရောက် မီးရှို့ရှင်းလင်းခဲ့ကြောင်း ကမ္မတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ ပခုက္ကူ -ကမ္မလမ်းမပေါ် ညောင်လှ လမ်းခွဲ၌ အထိုင်ချ တပ်စွဲကာ ခရီးသွား ပြည်သူလူထုအပေါ် မတရားဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် စခန်းကို စွန့်ခွာ ထွက်ပြေးသွား၍ တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်ပြီး မီးရှို့ ရှင်းလင်းခဲ့ကြောင်း သိရသည်။

“အဲဒီစခန်းက ကမ္မမြို့ရဲ့ အရှေ့ဘက်၊ ပခုက္ကူနဲ့ကမ္မကြား ကားလမ်းမကြီးဘေးမှာရှိတဲ့ ကာကင်း စခန်းပေါ့၊ အင်းအားက ၁၀ ဦး ၁၅ ဦးလောက်ပဲရှိတာ၊ ဒီနေ့မနက် ၂ နာရီ ၃ နာရီလောက်က ဆုတ် သွားတာ။ အဲဒီမှာ သိပ်ပြီးမနေဘူး။ လူနည်းတာဆိုတော့ စခန်းအထိုင်ချတာမျိုးမဟုတ်ပဲနဲ့ သူ့ရဲ့ အနောက်ဘက် မီတာ ၁၅၀၀ လောက်မှာ ညောင်ဂျစ်ပင်ပျူရွာ စခန်းရှိတယ်၊ အဲဒီပျူရွာနဲ့ ကူးသန်း နေတာ။ ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တာမရှိဘူ။ ဘန်ကာတွေတွေကိုတော့ ကားနဲ့ထိုးဖျက်ဆီးခဲ့ လိုက်တယ်။” ဟု ကမ္မတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ရှင်းလင်းမှုကို မြိုင် ပကဖ နှင့် ဒေသတွင်းကာကွယ်ရေးအဖွဲ့ဖြစ်သည့် ဧရာဒေါင်းအဖွဲ့၊ KMRF အဖွဲ့တို့ ပူးပေါင်းကာ ဝင်ရောက်ရှင်းလင်းပြီး စခန်းဘန်ကာများဖျက်ဆီးကာ အကြမ်းဖက်စစ်ကောင် စီတပ်သားများ နေထိုင်သည့် တဲအိမ်များကို မီးရှို့ဖျက်ဆီးပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခု ဆုတ်ခွာသွားသည့် ညောင်ပင်လှ စခန်းလမ်းခွဲ ကာကင်းစခန်းသည် ၂၀၂၄ ခုနှစ် မတ်လ တွင် ကန်တော်၊ ဖလံအို ကာကင်းစခန်းများနှင့်အတူ နေရာယူအထိုင်ချ တပ်စွဲထားသည့် စခန်း တစ်ခု ဖြစ်ပြီး ယခုအခါ ပြန်လည်ဆုတ်ခွာ၍ ညောင်ဂျစ်ပင်ရွာပျူစောထီးစခန်းသို့ သွားရောက် ပူးပေါင်းကာ ခံစစ်ပြင်နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article