25 C
Yangon

ရွှေဘိုတွင် စစ်တပ်က ဂိတ်စခန်းချ၍ ခြိမ်းခြောက်ငွေညှစ်နေခြင်းကြောင့် ပြည်သူများက စစ်တပ်ဂိတ်ရှိသည်ဆိုသော သတိပေးဆိုင်းဘုတ်များ စိုက်ထူနေရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စခန်းများက ဂိတ်ချ၍ ငွေတောင်းရမ်းမှု ကြမ်းခြင်းကြောင့် ပြည်သူများက စစ်တပ်ဂိတ်ရှိသည်ဆိုသော သတိပေး အသိပေး ဆိုင်းဘုတ်များ စိုက်ထူ၍ အသိပေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ရွှေဘို-ဆိပ်ခွန်-မူးကမ်း-မုံရွာ လမ်းပိုင်းရှိ ဆိပ်ခွန်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လမ်းသွားလာပြည်သူများနှင့် ခရီးသွားပြည်သူများထံမှ ငွေကြေး တောင်းရမ်းမှု ကြမ်းခြင်းကြောင့် ပြည်သူများက အကြမ်းဖက် စစ်တပ် ဂိတ်စခန်းရှိသည်ဟု အသိပေး ဆိုင်းဘုတ်များများ ပြုလုပ်ထားရကြောင်း သိရသည်။

“ဆိပ်ခွန်ရွာမှာ အကြမ်းဖက် စစ်တပ် အထိုင်စခန်းရှိတယ်လို့ သိရတယ်။ အဲစခန်းက ရွှေဘို-ဆိပ်ခွန်-မူးကမ်း- မုံရွာ ကို သွားတဲ့ ပေလမ်းဘေး မြောက်ဘက်မှာ တည်ရှိတာ အရှေ့ ရွှေဘိုဘက်က လာမည်ဆိုရင် ဆိပ်ခွန်ရွာအဝင်မှ စျေးတွေ့ရမှာဖြစ်ပြီး စျေးအနောက်ဘက် ကိုက် ၁၀၀ အနောက်ဘက် မုံရွာ-မူး ကမ်းဘက်မှလာမယ် ဆိုရင် ရွာအဝင်ဆိုင်းဘုတ်နဲ့ ကိုက် ၁၅၀ အကွာမှာ စစ်တပ် အထိုင်စခန်း တည်ရှိတယ်လို့ သိရတယ်။ တာဝန်သိ ပြည်သူတွေက အသိပေး ဆိုင်းဘုတ်လေးတွေ လမ်းဘေးတွေမှာ ပြုလုပ် ပေးထားတယ်လို့ သိရပါတယ်။ အဲစစ်ခွေး ဂိတ်တွေကငွေတောင်း အရမ်းကြမ်းတယ်” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ရွှေဘိုမြို့ အဝင်နှင့် မြို့‌ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ကျေးရွာများမှ ဈေးလာဝယ်သည့် ပြည်သူများနှင့် မြို့ပေါ်မှ လမ်းသွားလမ်းလာ ပြည်သူများကို နည်းမျိုးစုံဖြင့် ဖမ်းဆီး ငွေကြေးတောင်းရမ်းနေကာ အိမ်စီးကား အရပ်ဝတ်များဖြင့် ဖမ်းဆီးမှုများ လုပ် ဆောင်နေကြောင်း သိရသည်။

ရွှေဘိုမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က အရပ်ဝတ်များဖြင့် ဖမ်းဆီးသော နေရာများမှာ ကားကြီးဝင်ထိပ်၊ ကောလိပ်ကွေ့၊ စာတိုက်ကွေ့၊ ညောင်ပင်သာလမ်းအမှတ် ၁ ကျောင်းအနီး၊ လမ်းလေးဂွ၊ ပန်းခြံ ၊ အမှတ် ၂ ကျောင်းရှေ့ ၊ ဆိပ်ခွန် လမ်းထွက်အောင်ချမ်းသာစျေးထိပ် နှင့် ဆုတောင်းပြည့်ဘုရားအကွေ့ တို့တွင် ဖြစ်ကြောင်း သိရှိရသည်။

“ရွှေဘိုမြို့ပေါ်မှာ အကြမ်းဖက် စစ်အုပ်စုက စျေးဝယ်လာတဲ့ နယ်ကျေးရွာတွေက ပြည်သူတွေကို မတရားဖမ်းဆီး ငွေညှစ် ပစ္စည်းတွေ လုယူခြင်းကို နေ့စဥ်ရက်ဆက် လုပ်နေဆောင်နေတယ်။ မြို့အဝင်တွေမှာ ငွေတောင်းဂိတ်တွေထားရှိပြီး မြို့အတွင်းမှာ လှည့်ကင်းပတ်များ လှည့်ပြီး စျေးကြီးအနီးနဲ့ လူစည်ကားပြီး နာမည်ကြီးတဲ့ ပစ္စည်းဆိုင်တွေနဲ့ မလှမ်းမကမ်းမှာ အိမ်စီး ကား အရပ်ဝတ်တွေနဲ့ စျေးဝယ်သူ ဟန်ဆောင်ပြီး ကားများကို အကာကွယ်ယူကာ လာသမျှ လူများကို ဖမ်းဆီးနေပါတယ်။ နေရာဆုံ ထောင့်ဆုံမှ စျေးဝယ်လာသော ပြည်သူအမျာအပြား အဖမ်းခံရတယ်လို့သိရတယ်။ စျေးကြီးတောင်ဘက်မှာ ကားရပ်ပြီးစျေးဝယ်နေတဲ့ လင်မယား ၂ ဦးကို ယာဥ်စည်းကမ်း လမ်းစည်းကမ်းနဲ့ မကိုက်ညီလို့ဆိုပြီး လူကိုဖမ်းတယ်။ ကားကိုယူသွားတယ်လို့သိရတယ်။ ဆက်သွယ်ရေး ဆီကား မောင်းသူ ၂ ဦးကိုလည်း ဖုန်းထဲမှာ 123 လောင်းကစား SMS တွေ့လို့ ဖမ်းပြီး တစ်ယောက်ကို သိန်း ၅၀ နဲ့ ရွေးခိုင်းတယ်လို့ သိရပါတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article