28 C
Yangon

မြန်မာနိုင်ငံ နေရာ အနှံ့အပြားတွင် လာမည့် ၃ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးခြင်း၊ မြေပြိုခြင်းတို့ကို အထူးသတိ ပြုရန် NUG အစိုးရက ပြည်သူများကို သတိပေး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် နောက်လာမည့် ၃ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး နေရာကွက်၍ မိုးကြီးနိုင်၍ ရေကြီးခြင်းကို အထူးသတိ ပြုရန် NUG အစိုးရက ပြည်သူများကို သတိပေးထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၃ ရက်နေ့တွင် ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် အောက်ပိုင်း၊ မန္တလေးတိုင်းအောက်ပိုင်း၊ မကွေးတိုင်းအောက်ပိုင်းနှင့်ပဲခူးတိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်း နှင့်တနင်္သာရီတိုင်းတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့ရှိ နေရာအချို့တွင် တနေ့တာအတွင်း မိုးရေချိန် စုစုပေါင်း ၈ လက်မမှ ၁၀ လက်မအထိ ရွာသွန်းနိုင်ကြောင်း၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် မိုးကြီးခြင်းနှင့်အတူ မြို့ပြရေကြီးခြင်း၊ လျှပ်တပျက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများကို အထူးသတိထားသင့်ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ် နေရာအနှံ့အပြားနှင့် ပဲခူးတိုင်းနေရာ အတော်များများတွင် မိုးထစ်ချုန်းရွာသွန်းပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် မိုးကြီးခြင်းနှင့်အတူ မြို့ပြရေကြီးခြင်း၊လျှပ်တစ်ပျက်ရေကြီးခြင်းနှင့် မြေပြိုခြင်း များကို အထူးသတိထားသင့်ကြောင်း သိရသည်။

စက်တင်ဘာလ ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ပဲခူးတိုင်း၊ မကွေးတိုင်းအရှေ့ခြမ်းနှင့် မန္တလေးတိုင်း၊ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ် ၊ ရှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ကြောင်း၊ ကျန်ဒေသများတွင် နေရာကွက်ကျားမိုးရွာသွန်းနိုင်ပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေး တိုင်းအောက်ပိုင်း၊ ပဲခူးတိုင်းနှင့်ကရင်ပြည်နယ်တို့တွင် မိုးကြီးခြင်းနှင့်အတူ မြို့ပြရေကြီးခြင်း၊ လျှပ်တစ်ပျက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများကို အထူးသတိထားသင့်ကြောင်း သိရှိရသည်။

နောက်လာမည့် ၃ ရက်အတွက် မိုးရွာသွန်းမှု အခြေအနေ ခန့်မှန်းချက်များအရ မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်သည့်အတွက် မြစ်ချောင်းများအတွင်းရေကြီးခြင်း၊ မြို့ပြရေကြီးခြင်း၊ လျှပ်တပျက်ရေကြီးခြင်းတို့ကို အထူးသတိ ပြုသင့်ကြောင်း သိရသည်။

မိုးများခြင်း၏ နောက်ဆက်တွဲဖြစ်သည့် မြေပြိုကမ်းပြိုခြင်းများ၊ ကားလမ်းရထားလမ်း များရေကျော်ခြင်း၊ ရေကာတာနှင့်ဆည်များရေတိုးခြင်းနှင့် ရေပိုလွှဲမှရေထုတ်လွှတ်ရခြင်းများ ဖြစ်ပေါ် နိုင်သည့်အတွက် မြေနိမ့်ဒေသများနှင့် မိုးတွင်းကာလတွင် ရေဝင်ရောက်လေ့ရှိသည့်နေရာ ဒေသများ တွင် နေထိုင်သည့် ဒေသခံပြည်သူများအနေဖြင့် ရေကြီးရေလျှံမှုအန္တရာယ်ကို အထူးသတိပြုနေထိုင်ကြ ပါရန်နှင့် လိုအပ်ပါက အချိန်မီရှောင်ရှားနိုင်ပါရန် အသိပေးတင်ပြအပ်ကြောင်း၊ ရေကြီးစဉ်ကာလအတွင်း ရေနှင့်ဆက်စပ်ဖြစ်ပေါ်တတ်သည့် ဝမ်းပျက်ဝမ်းလျောရောဂါများကိုပါ အထူးသတိထားကာ ရေကိုကြို ချက်၍ဖြစ်စေ၊ ရေသန့်ဆေးခပ်၍ဖြစ်စေ သောက်သုံးကြပါရန် အကြံပြုတင်ပြအပ်ကြောင်း NUG အစိုးရက ပြည်သူများကို အသိပေးပြောဆိုထားသည်။

ဓာတ်ပုံ – နေပြည်တော်မှ ယမန်နေ့နှင့်ယနေ့ ရေကြီးမှုနှင့် ကင်းတားဆည်ကျိုးကျမှု မြင်ကွင်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article