ရန်ကုန်၊ စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူရွာစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၇ ဦးသေဆုံးခဲ့ကြောင်း Monywa Inventor တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်ပြီး ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူရွာစခန်းကို ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာလ ၁၁ ရက်နေ့အထိ ၄၀ မမ ဗုံးသီး အလုံး ၂၀ ၊ ၆၀ မမ ဗုံးသီး အလုံး ၂၀ ၊ ၈၀ မမ ဗုံးသီး ၁၀ လုံး တို့ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ပျူစောထီး ၇ ဦး သေ ဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ပျူတွေကတော့ အထိများတယ်၊ ဒရုန်းနဲ့ကြည့်ရတာ ကတော့ ၇ ကောင်သေတယ်။ မုံရွာမအူဂိတ် ကနေ ၁၀ ရက် ည နာရီလောက်က ဟောင်ဝှစ်ဇာ ၅ လုံး ပစ်ပေမယ့် ရဲဘော်တွေအထိအခိုက်မရှိပါ ဘူး” ဟု Monywa Inventor တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Monywa Inventor ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ Triple Two Task Force ၊ မျိုးဆက်သစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းရာဇာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသကာ ကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar