27 C
Yangon

NUG အစိုးရနှင့် ABSDF တို့ကြား နိုင်ငံရေး ၊ လူထုစည်းရုံးရေး ၊ စစ်ရေးနှင့် ဘဏ္ဍာရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှစာချွန်လွှာလက်မှတ်ရေးထိုး

Must read

NUG အစိုးရနှင့် ABSDF တို့ကြား နိုင်ငံရေး ၊ လူထုစည်းရုံးရေး ၊ စစ်ရေးနှင့် ဘဏ္ဍာရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှစာချွန်လွှာလက်မှတ်ရေးထိုး

ရန်ကုန်၊ စက်တင်ဘာ ၁၂

အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့အကြား နိုင်ငံရေး ၊ လူထုစည်းရုံးရေး ၊ စစ်ရေးနှင့် ဘဏ္ဍာရေး ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း ADSDF အထွေထွေအတွင်းရေးမှူး ၂ ရဲဘော်ကျော်ကျော်လင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၁၂ ရက် နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့အကြား အပြန်အလှန် နားလည်မှု ၊ နိုင်ငံရေး ဂုဏ်သိက္ခာ အပြန်အလှန်အသိအမှတ်ပြုမှုတို့ကို အခြေခံပြီး နှစ်ဖက်အဖွဲ့အစည်း နှစ်ခုအကြား ခိုင် မာအားကောင်းသော ဆက်ဆံမှုတည်ဆောက်ရေး ၊ စစ်အာဏာရှင်စနစ် ပပျောက်ရေး နှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု ပေါ်ထွန်း ရေးလုပ်ငန်းများတွင် အတူတကွ လက်တွဲ တိုက် ပွဲဝင် ပူးပေါင်းဆောင်ရွက်ရေးကို ရည်ရွယ်၍ နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

“အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကျနော်တို့ မကဒတ ကတော့ သူတို့အစိုးရအဖွဲ့စတည်ထောင် ကတည်းက နယ်မြေဧရိယာအတော်များများမှာ လက်တွဲလုပ်လာတာပါ။ ပူးတွဲလုပ်တာကတော့ အစကတည်းက လုပ်တာပေါ့။ သို့သော်လည်း ဒီနေ့မှ တရားဝင် ပိုဖြစ်သွားအောင်ဆိုပြီးတော့ နား လည်မှု စာချွန်လွှာချုပ်ဆိုကြတာ။ ချုပ်ဆိုတဲ့နေရာမှာ စစ်ရေးကဏ္ဍကို ပါတယ်။ အဓိကတော့ နိုင်ငံ ရေးနဲ့ စစ်ရေးကဏ္ဍတွေမှာ လက်တွဲလုပ်ကြမယ်ဆိုတာ တိတိကျကျလေးရေးထားတဲ့သဘောပါပဲ။ ရှေ့လုပ်ငန်းစဉ်တွေမှာလည်း နိုင်ငံရေး၊ စစ်ရေးလုပ်ငန်းစဉ်တွေမှာ အဓိကတော့ ကဏ္ဍကြီး ၄ ရပ် ပေါ့။ နိုင်ငံရေးကဏ္ဍ၊ လူထုစည်းရုံးရေး ကဏ္ဍ၊ စစ်ရေးကဏ္ဍနဲ့ ဘဏ္ဏာရေးကဏ္ဍပေါ့၊ အဲဒီ ကဏ္ဍကြီး ၄ ရပ်မှာ နှစ်ဖွဲ့အနေနဲ့ တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။ တော်လှန်ရေးအရှိန်အဟုန်မှာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ နော်တို့ မကဒတတို့လက်တွဲပြီး သွား မှာဖြစ်ပါတယ်” ဟု ADSDF အထွေထွေအတွင်းရေးမှူး ၂ ရဲဘော်ကျော်ကျော်လင်းက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့အကြား နိုင်ငံရေး ၊ လူထုစည်းရုံးရေး ၊ စစ်ရေးနှင့် ဘဏ္ဍာရေး ကဏ္ဍများတွင် လည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပါ နားလည်မှု စာချွန်လွှာ ချုပ်ဆိုသည့်အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီ သမ္မတ ဒူဝါလရှီးလ ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် တာဝန်ရှိသူများတက်ရောက်ခဲ့ ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဘက်ကလည်း ဥက္ကဌ ရဲဘော်သံခဲ၊ ဒုဥက္ကဌ ရဲဘော် လဆိုင်း၊ အထွေထွေအတွင်းရေးမှုး ရဲဘော်ဆန်နီ၊ တွဲဖက်အထွေ ထွေ အတွင်းရေးမှုး ၁ ရဲဘော်ကျော်လင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှုး ၂ ရဲဘော် ရဲထွတ် (ခ) လှဌေး ဦးဆောင်သည့် ဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ နယ်မြေ အသီးသီးမှ တာဝန်ခံခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article