27 C
Yangon

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်‌ကျေးရွာရှိ စစ်တပ် အထိုင်စခန်းကို ရိက္ခာ လာပို့သည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံး

Must read

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်‌ကျေးရွာရှိ စစ်တပ် အထိုင်စခန်းကို ရိက္ခာ လာပို့သည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံး

ရန်ကုန်၊စက်တင်ဘာ ၁၃

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်‌ကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ရိက္ခာ လာပို့သည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့တွင် နံနက် ၆နာရီ ၄၀မိနစ် ခန့်တွင် တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ၊ PDF တပ်ရင်း ၃၆၀၁ တပ်ခွဲ – ၁ က သစ်ပုတ်‌ကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ရိက္ခာ လာပို့သည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

အလားတူ ဩဂုတ်လ ၁၅ ရက်နေ့တွင် ပေါင်းတည်မြို့နယ် ညောင်နီပင်ကျေးရွာ နှင့် ‌သစ်ပုတ်ကျေးရွာ အကြားတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article