28 C
Yangon

ရွှေဘိုမြို့နယ်၊ ထနောင်းဝန်းရွာသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် ပစ် ခတ်မှု ပြည်သူ ၂ ဦး သေဆုံးပြီး ကျေးရွာ ၅ ရွာမှ ထောင်နှင့်ချီသော ပြည်သူ များ ထွက်ပြေးနေရ

Must read

ရွှေဘိုမြို့နယ်၊ ထနောင်းဝန်းရွာသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် ပစ် ခတ်မှု ပြည်သူ ၂ ဦး သေဆုံးပြီး ကျေးရွာ ၅ ရွာမှ ထောင်နှင့်ချီသော ပြည်သူ များ ထွက်ပြေးနေရ

ရန်ကုန်၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနီးရှိ ထနောင်းဝန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ် သတင်းရင်းမြစ်နှင့် ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ရွှေဘိုမြို့ ခလရ ၄၂ တပ်ရင်းမှ ထွက်လာသော အင်အား ၈၀ ခန့်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထနောင်းဝန်းရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ဆက်တိုက် ပစ်ခတ် ဝင်ရောက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ကျေးရွာနေ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျည်စထိမှန်ပြီး အသက် ၂၄ နှစ်အရွယ် မရီရီခင် နှင့် အသက် ၆၀ ကျော် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ အမျိုးသား၏ အမည်ကို အတည်မပြုနိုင်သေးဘဲ လက်ရှိချိန်ထိ အဆိုပါ အမျိုးသား၏ ရုပ်အလောင်းကို ကျေးရွာထဲမှ ယူဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းထိုးလာတဲ့ အချိန် ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေကို ပစ်ခတ်ပြီး ဝင်ရောက်လာတာ စစ်ခွေးတွေပစ်တဲ့ လက်နက်ကြီး ထိမှန်ပြီး အမျိုးသမီး ၁ ဦး နဲ့ အမျိုးသား ၁ ဦး သေဆုံးတယ်။ သေဆုံးသွားတဲ့ အမျိုးသား အမည်ကိုတော့ အတည်မပြုနိုင်သေးဘူး။ သူရဲ့ ရုပ်အလောင်းကို အခုထိ ရွာထဲကနေ ကောက်မရသေးဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထနောင်းဝန်းရွာ၌ ဆက်လက် တပ်စွဲထားပြီး အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေ၍ သပြေသာရွာ၊ မြိုက်ရွာ၊ အုတ်ရှစ်ကန်ရွာ၊ နွားကုတ်ရွာ နှင့် ဥယျာဥ်တော်ရွာတို့မှ ပြည်သူ ၃ ထောင်ကျော် မိုးရွာကြီးထဲ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article