26 C
Yangon

နောင်ချိုမြို့ကို စစ်တပ်က လေကြောင်း၊ ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

နောင်ချိုမြို့ကို စစ်တပ်က လေကြောင်း၊ ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်၊ နောင်ချိုမြို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း TNLA က ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၂ နာရီ ၃၀ မိနစ်ထိ အကြမ်းဖက် စစ်တပ်က Jet fighter ဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်​ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ကျဲချသော ပေါင် ၅၀၀ ဗုံး ၂ လုံးတွင် ၁ သားပေါက်ကွဲခဲ့ပြီး ရော့ကတ်ဒုံးများဖြင့်လည်း ၈ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုသည် နောင်ချိုမြို့ လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသ ပြည်သူ အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ လူနေအိမ်အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း၊ ယမန်နေ့ကလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းအသုံးပြုကာ နောင်ချိုမြို့ အတွင်း ဗုံး ၁၃ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ပြီး လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သည် မြန်မာနိုင်ငံတဝှမ်းတွင် ရေဘေးအန္တရာယ် ရင်ဆိုင်နေရသည့်အချိန် PSLF/TNLA အုပ်ချုပ်နေသည့် မြိုများဖြစ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြိုများအပြင် နိုင်ငံအရပ်အရပ်ရှိ စစ်ရှောင်စခန်းများ၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကိုးကန့်နယ်အတွင်းရှိ အရပ်သား ပစ်မှတ်များကို ဦးတည်ကာ လူအများအပြားသေစေနိုင်သည့် ပေါင် ၅၀၀ ဗုံးဖြင့် နေ့စဥ်လာရောက် ဗုံးကျဲ တိုက်ခိုက်နေပြီး အကြမ်းဖက်လုပ်ရက်များ ပြောင်ပြောင်တင်းတင်း ပြုလုပ်နေကြောင်း TNLA က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article