24.8 C
Yangon

ရေတာရှည်မြို့နယ်တွင် ရေဘေးသင့် ပြည်သူများကို ကယ်ထုတ်နေစဉ် ရေစီးထဲ မျောပါသွားပြီး PDF ရဲဘော် ၁ ဦး ကျဆုံး၊ ရေဘေးသင့် ပြည်သူ ၃ ဦးလည်း သစ်ပင်ပိ၍ သေဆုံးပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

Must read

ရေတာရှည်မြို့နယ်တွင် ရေဘေးသင့် ပြည်သူများကို ကယ်ထုတ်နေစဉ် ရေစီးထဲ မျောပါသွားပြီး PDF ရဲဘော် ၁ ဦး ကျဆုံး၊ ရေဘေးသင့် ပြည်သူ ၃ ဦးလည်း သစ်ပင်ပိ၍ သေဆုံးပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

■ စစ်တပ်က ကယ်ဆယ်ရေး သမားများကို သွားရောက် ခွင့်မပေးဘဲ လမ်းပိုင်းများကို ပိတ်ဆို့ထား

ရန်ကုန်၊ စက်တင်ဘာ ၁၄

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ကျေးရွာ ၂၁ ရွာမှ ရေဘေးသင့် ပြည်သူများကို ကယ်ထုတ်နေသည့် PDF ရဲဘော် ၁ ဦး ရေစီးထဲ မျောပါသွားပြီး ကျဆုံးခဲ့ကြောင်း ဒေသတော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့တွင် ရေတာရှည်မြို့နယ်ရှိ ကျေးရွာ ၂၁ ရွာမှ ရေဘေးသင့် ပြည်သူများကို ကယ်ထုတ်နေသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော် တိုင်းစစ်ဌာန၊ ဗျုဟာအမှတ် (၁၇) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းအမှတ် (၉၀၁) မှ ရဲဘော် Eagle သည် ရေစီးထဲ မျောပါသွားပြီး ကျဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အောင်ချမ်းသာရွာတွင်လည်း ရေဘေးတိမ်းရှောင်ရန် ကျေးရွာထဲမှ ထွက်လာသည့် ပြည်သူ ၃ ဦးလည်း သစ်ပင်မိ၍ သေဆုံးခဲ့ကြောင်း၊ လက်ရှိချိန်တွင် ရေဘေးသင့် ပြည်သူများ အလွန်များပြားနေပြီး စားနပ်ရိက္ခာများလည်း အရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ကူညီ ကယ်ဆယ်ရေးသမားများကို သွားရောက် ကူညီ ခွင့်မပေးဘဲ လမ်းပိုင်းများကို ပိတ်ဆို့ထားကြောင်း သိရသည်။

“ပြည်သူတွေကို ကယ်တင်ရင်း ရေစီး သန်တော့မျောပါရင်း ရေနစ်သွားတာပါ။ အခုချိန်ထိ ရုပ်အလောင်း ရှာမတွေ့သေးပါဘူး။ လူဦးရေနဲ့ ပြောလို့ မဖြစ်နိုင်တော့ပါဘူး။ ရေတာရှည်မြို့နယ်ထဲက ၂၁ ရွာလောက်က ပြည်သူတွေ ရေဘေးသင့် ခံနေရတာပါ။ ရေဘေးသင့်လို့ ရေးဘေးရှောင်နေရင်းက အောင်ချမ်းသာရွာမှာဆို သစ်ပင်ပါ ပိလို့ ပြည်သူ ၃ ဦး သေဆုံးတယ်။ ကူညီကယ်ဆယ်ရေးသမားတွေကိုလည်း သွားကူ ခွင့်မပေးဘဲ စစ်တပ်ဘက်က ပိတ်ထားတာတွေလည်း ကြုံရပါတယ်။ သူတို့မှာလည်း လှေ ၁ စီးထဲနဲ့ မလုံလောက်ဘူး။ ကျွန်တော်တို့ဘက်က ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ လှေတွေကိုလည်း ကယ်ခွင့် ပိတ်ပင်တာတွေရှိပါတယ်။ လက်ရှိမှာတော့ ကျေးရွာ ၂၁ ရွာလောက်က ပြည်သူတွေကို ရေဘေး လွတ်ရာကို ရွှေ့ပြောင်းပေးထားပါတယ်။ စားနပ် ရိတ်က္ခာ လုံလောက်မှု မရှိသေးပါဘူး” ဟု ဒေသတော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article