27 C
Yangon

ဖားကန့်၊ငှက်ပျောတောရပ်ကွက်တွင် စစ်ကောင်စီက ပစ်ခတ်သော လက် နက်ကြီးကျရောက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

Must read

ဖားကန့်၊ငှက်ပျောတောရပ်ကွက်တွင် စစ်ကောင်စီက ပစ်ခတ်သော လက် နက်ကြီးကျရောက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ငှက်ပျောတောရပ်ကွက်တွင် စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် စစ်ကောင်စီ၏ ဖားကန့်ဗျူဟာကုန်းက ပစ်ခတ်သော လက်နက်ကြီးကျည်သည် ဖားကန့်မြို့နယ်၊ ငှက်ပျောတောရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း၊ ယနေ့ ဆိုင်းတောင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း၊ ဖားကန့်ဗျူဟာကုန်းမှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ကူပေးနေကြောင်း သိရှိရသည်။

“ဖားကန့်ဗျူဟာကုန်းကနေပြီးတော့ ဆိုင်းတောင်ဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူပေးနေတယ်။ အဲဒီမှာ လက်နက်ကြီးကျည်တွေက ဖားကန့်၊ ငှက်ပျောတော ရပ်ကွက်ထဲကိုကျပြီး ပြည်သူ ၂ ဦး ထိခိုက်သေဆုံးပါတယ်။ ပြည်သူ ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိထားတယ်” ဟု ဖားကန့်မှ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ဆိုင်းတောင်တွင် စစ်ကောင်စီတပ်များနှင့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ အပြင်းထန်ဆုံး အခြေအနေ ရောက်ရှိနေပြီး စစ်တပ်က Lucky Man ဟိုတယ်အတွင်းတွင် ပြည်သူများကို ဓားစာခံ ဖမ်းဆီးပြီး သတ်ဖြတ်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့မွန်းလွဲ ၂ နာရီအချိန် ဖားကန့်မြို့နယ်၊ ငှက်ပျောတော ရပ်ကွက်တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျရောက်၍ သေဆုံးခဲ့ကြသည့် ပြည်သူ ၂ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article