27 C
Yangon

လွိုင်ကော်မြို့တွင် ဘီလူးချောင်း ရေတက်လာမှုကြောင့် နေအိမ်များ ရေမြုပ်နေပြီး ရေဘေးသင့်ပြည်သူများအတွက် အကူအညီများ လိုအပ်နေ

Must read

လွိုင်ကော်မြို့တွင် ဘီလူးချောင်း ရေတက်လာမှုကြောင့် နေအိမ်များ ရေမြုပ်နေပြီး ရေဘေးသင့်ပြည်သူများအတွက် အကူအညီများ လိုအပ်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၆

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ဘီလူးချောင်းရေမြင့်တက်လာမှုကြောင့် နေအိမ်များ ရေမြုပ်နေပြီး ပြည်သူများ အကူအညီလိုအပ်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ လွိုင်ကော်မြို့၊ ရပ်ကွက်များတွင် ရေများတက်လာပြီး နေအိမ်များ နစ်မြုပ်နေကြောင်း၊ ရှမ်းပိုင်း မြို့လယ်အထိ ရေများ ရောက်နေပြီး ခါးလယ်အထိ ရေများ တက်လာနေကြောင်း၊ အဓိက အားဖြင့် ဘီလူးချောင်းမှ ရေများ မြင့်တက်လာခြင်းကြောင့် ရပ်ကွက်များတွင် ရေကြီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“လွိုင်ကော်မြို့၊ နမ့်ကွတ်၊မင်းစု၊ဒေါနိုးကူး၊ရှမ်းပိုင်း၊ရွှေတောင်မှာ အိမ်တော်တော်များများရေမြုပ်ပါတယ်။ နမ်ကွတ်က ရေတက်တာအဆိုးဆုံးပါပဲ။ ဒီနေ့မနက်ထိကိုရေကတက်နေတုန်းပါ။ ရှမ်းပိုင်းမြို့လယ်မှာ ရေက ခါးလယ်လောက်အထိ ရောက်နေပြီ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ရေဘေးသင့် ပြည်သူများအတွက် အကူအညီများနှင့် ရွှေ့ပြောင်းရေး အတွက် ကယ်ဆယ်ရေးများ လိုအပ်နေကြောင်း၊ ရေဘေးသင့် အိမ်ထောင်စုနှင့် ပြည်သူအရေအတွက် မသိရသေးကြောင်း ဒေသသတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။

Photo- CJ ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article