27 C
Yangon

တနင်္သာရီနှင့်ကျွန်းစုမြို့နယ် အစပ် ၃ နေရာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ဦးထက်မနည်း သေဆုံး

Must read

တနင်္သာရီနှင့်ကျွန်းစုမြို့နယ် အစပ် ၃ နေရာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ဦးထက်မနည်း သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၆

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ်အစပ်တွင် တိုက်ပွဲ ၃ နေရာဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၁၂ ရက် မွန်းတည့် ၁၂ နာရီခန့်က ဂျိုးတောင်ရွာ ခရစ်ယာန် ဘုရားကျောင်း၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီးအင်အား ၂၀ ခန့်ကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ မှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲပြီး လက်နက်ငယ်များဖြင့် ၁၅ မိနစ်ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုနောက် မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်တွင် မြိတ်မြို့နယ်၊ မောင်းလှော်ရွာဘက်မှ စစ်ကူလိုက်လာ သည့် စစ်ကောင်စီကား ၂ စီးကို မင်းဂုတ်ရွာနှင့် ဂျိုးတောင်ရွာလမ်းပိုင်းတစ်နေရာအရောက် မြိတ်ခရိုင် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ မှ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၁ စီးပျက်စီးပြီး စစ် သား ၈ ဦးထက်မနည်းသေဆုံးကာ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိသူများကို မွန်းလွဲ ၃ နာရီဝန်းကျင်တွင် မောင်းလှော်ရွာကို ကားတစ်စီးဖြင့် ပြန်လည်သယ်ယူသွားခဲ့ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူ တစ် ဦးက ပြောဆိုသည်။

အလားတူ စက်တင်ဘာလ ၁၂ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဂျိုးတောင်ရွာနှင့် တဆက်တည်း ရွာဖြစ်သည့် ဝါရစ်ရွာဘက်သို့ အင်အား ၇၀ ခန့်ဖြင့် ခြေလျင်စစ်စစ်ကြောင်းထိုးလာခဲ့ကာ လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း ၂ တွင် မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂ ၊ တနင်္သာ ရီ ပကဖဇုန် ၃ ၊ ဇုန် ၄၊ ဇုန် ၅ ၊ဇုန် ၆ ၊ ကျွန်းစုပကဖ၊ တိုင်းပကဖ လုံခြုံရေး နှင့် Dragon Squad ဒရုန်း အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article