27 C
Yangon

တီးတိန်နှင့် ဆော မြို့နယ်တို့တွင် စစ်ကောင်စီ တပ်သား ၂ ဦး MA-2 သေနတ် ၃ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

ချင်းပြည်နယ်၊ တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦး MA-2 သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း PDF Zoland က ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့တွင် တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ဟိန်းထက်ကိုကို သည် AM-2 စက်ကလေး ၂ လက် ၊ လက်ဗစ်ဗုံး ၂ လုံး၊ ကျည်အိမ် ၈ ခုနှင့် ၅.၅၆ ငါးဂျင်းမီးကျည် ၂ တွဲတို့ ယူဆောင်လာပြီး PDF Zoland ထံ အလင်းဝင် ရောက်ခဲ့ကြောင်း သိရသည်။

ထို့သို့ လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့သော တပ်သား ဟိန်းထက်ကိုကို ကို PDF Zoland တပ်ဖွဲ့က ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းမှ စစ်ကောင်စီ တပ်သား တပ်ကြပ်ကြီး ၁ ဦး လက်နက်ခဲယမ်းများနှင့် အတူ အလင်းဝင်ခဲ့ကြောင်း ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်း Saw PDF က ပြောဆိုသည်။

စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဆောမြို့နယ် မြို့မရဲစခန်းမှ စစ်ကောင်စီတပ်သား တပ်ကြပ် ကြီး ၁ ဦးသည် အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်းထံ ဆက်သွယ်ပြီး MA-2 သေနတ် ၊ ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်ရောက်ခဲ့ပြီး လက်နက်အမျိုးအစားပေါ် မူတည်ကာ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်သည် အကြမ်းဖက် စစ်တပ် ပြုတ်ကျရေးအတွက် စစ်ရေးအရှိန်မြှင့်တင်နေသည့် ကာလ ဖြစ်၍ စစ်ကောင်စီ လက်အောက်ခံ တပ်မတော်သားများ၊ ရဲတပ်သားများအနေဖြင့် မင်းအောင်လှိုင်၏ အကြမ်းဖက်တပ်ကို စွန့်ခွာ၍ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးဝင်ရောက်ခိုလုံကြပါရန် ဂန့်ဂေါခရိုင် အမှတ် ၃ တပ်ရင်း – Saw PDF က တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article