27 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော ၈ စီးကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်း ပိုက်ရရှိထားပြီး အဲဒီ စစ်သင်္ဘောတွေကို ဖောက်ခွဲ ဖျက်ဆီးဖို့သာရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရန်ကုန်မြို့ ၊ တောင်ဒဂုံ ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကြည်ထွန်း နဲ့ ရာအိမ်မှူး တို့ ၂ ဦး ပစ်ခတ် ခံရပြီး ၂ ဦးလုံး ပွဲချင်းပြီးကို သေကုန်ကြပြီလို့ ဒေသခံပြည်သူတွေက ပြောထားသလို ၊ စစ်တပ်လော်ဘီ ချန်နယ်တွေမှာလည်း ဖော်ပြထားပါတယ်။
  • အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တပ်မြို့လို ဖြစ်နေတဲ့ ပြင်ဦးလွင်မြို့နယ်က ဆင်ဖြူအင်းကျေးရွာ၊ ဖောင်းတောရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက် အပါအဝင် ကျေးရွာ ရပ်ကွက်တချို့မှာ သက်ကြီးပိုင်း အမျိုးသားတွေကို စစ်သင်တန်းတက်ဖို့အတွက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article