27 C
Yangon

စလင်းတွင် ကပစ ၂၅ နှင့် ကပစ ၂၁ ကို သွယ်တန်းထားသော မီးလိုင်းများ ပြင်ဆင်ရန် လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၈ ဦးသေဆုံး

Must read

စလင်းတွင် ကပစ ၂၅ နှင့် ကပစ ၂၁ ကို သွယ်တန်းထားသော မီးလိုင်းများ ပြင်ဆင်ရန် လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၈ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၀

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ကပစ ၂၅ နှင့် ကပစ ၂၁ ကို သွယ်တန်းထားသော မီးလိုင်းများ ပြင်ဆင်ရန် လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၈ ဦးသေဆုံးခဲ့ကြောင်း ပကဖ သတင်းရင်းမြစ်က ပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်စက်ရုံများ ဖြစ်သော ကပစ ၂၅ နှင့် ကပစ ၂၁ တိ့်ကို သွယ်တန်းထားတဲ့ မီးလိုင်းများကို စလင်းမြို့နယ် ပကဖက ဖြတ်တောက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းပြတ်တောက်သွားသော မီးလိုင်းများကို ပြန်လည် ပြင်ဆင်ရန်အတွက် စက်တင်ဘာလ ၁၈ ရက်နေ့တွင် အင်အား ၁၅၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်း၊ Drone ဖြင့်တိုက်ခိုက်ခြင်း၊ Rocket များဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၈ ဦး သေဆုံးကာ ၁၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း၊ ယင်း စစ်ကြောင်းသည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စလင်းမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ (ပကဖ )နယ်မြေ(၃)၊ နယ်မြေ(၂)၊ မကွေးတိုင်း ပကဖ Droneလက်ရုံးတပ်ဖွဲဖြစ်တဲ့ သိန်းငှက်နက်၊ ဆိပ်ဖြူတော်လှန်ရေးတပ်ဦး၊ မင်းဘူးခရိုင် တပ်ရင်း(၁)နဲ့ မင်းဘူးခရိုင်တပ်ရင်း (၅)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article