27 C
Yangon

လွိုင်ကော်တွင် ဘီလူးချောင်းရေတက်မှုကြောင့် ရေကြီးမှု အခြေအနေ ဆိုးလာသော်လည်း ကူညီကယ်ဆယ်ရေး အလွန်နည်းပါး ဟု ဒေသပြည်သူများပြောဆို

Must read

လွိုင်ကော်တွင် ဘီလူးချောင်းရေတက်မှုကြောင့် ရေကြီးမှု အခြေအနေ ဆိုးလာသော်လည်း ကူညီကယ်ဆယ်ရေး အလွန်နည်းပါး ဟု ဒေသပြည်သူများပြောဆို

ရန်ကုန်၊ စက်တင်ဘာ ၂၁

ကရင်နီပြည်၊ လွိုင်ကော်တွင် ဘီလူးချောင်းရေတက်မှုကြောင့် ရေကြီးမှု အခြေအနေ ဆိုးလာသော်လည်း ကူညီကယ်ဆယ်ရေး အလွန်နည်းပါးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့မှစတင်၍ ဘီလူးချောင်းမှ ရေများတက်နေခြင်းဖြစ်ပြီး ယခုအခါ ရေတက်မှု အခြေအနေ ပိုမိုဆိုးဝါးလာကြောင်း၊ စားနပ်ရိက္ခာနှင့် ဆေးဝါး အခက်အခဲရှိပြီး အကူအညီများ လိုအပ်နေသော်လည်း လာရောက်ကူညီသူ နည်းပါးကြောင်း ပြောဆိုသည်။

ဓာတ်ပုံ- ယခုရက်ပိုင်းအတွင်း ရေကြီးမှုကြောင့် မြင်တွေ့ရသော လွိုင်ကော်မြို့မြင်ကွင်းများ။

“ရေတက်နေတာက ၆ ရက်လောက်ရှိနေပြီ။ ရေမြုပ်တဲ့အိမ်တွေက အကုန်မြုပ်တဲ့သဘောဖြစ်နေပြီ။ အကူအညီလည်း သိပ်မလာဘူး။ အဓိက သွားလာမရ၊ အလုပ်တွေမရှိနဲ့ စားနပ်ရိက္ခာလိုပါတယ်။ ဆေးဝါးလည်း လိုအပ်တယ်” ဟု လွိုင်ကော်မြို့နယ်၊ နမ့်ကွတ်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရေကြီးမှုကြောင့် နေအိမ်နစ်မြုပ်သွားသော ပြည်သူများ ရေဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ နေထိုင်နေသော်လည်း စားနပ်ရိက္ခာအခက်အခဲ အလွန်ဖြစ်နေရသည်ဟုသိရှိရသည်။

“ဘ၀မှာ တစ်ခါမှ ဒီလောက်ကြီး ရေတက်တာမျိုး မမြင်ဖူးသေးဘူး။ ကိုယ့်ဘ၀မှာ အဆိုးဆုံးမြင်ဖူးတာပဲ” ဟု လွိုင်ကော်မြို့မှ အသက် ၄၅ နှစ်အရွယ် ဒေသပြည်သူ အမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article