27 C
Yangon

မြစ်သားမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၅ ဦးသေဆုံး

Must read

မြစ်သားမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၅ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာလ ၂၁

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ၅ ဦးသေဆုံးခဲ့ကြောင်း ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် KRA တာဝန်ခံ မင်းလက်ရာ က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့တွင် မြစ်သားမြို့နယ်၊ ခရူတုပ်ကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချူပ်ရေးမှူဟောင်းဖြစ်သူ အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေပြီး အယောင်ဆောင်၍ ဘုန်းကြီးဝတ်ထားသော တက်တိုး ဆိုသူကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၈ ရက်နေ့တွင် မြစ်သားမြို့နယ် မြင်းရွာလေးရွာမှ ပြည်သူများကို စစ်တပ်နှင့် ပေါင်းပြီး အနိုင်ကျင့် ဖမ်းဆီး ငွေညှစ်နေသည့် အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ချမ်းငြိမ်းသာရွာမှ ပျူစောထီး ခေါင်းဆောင် တို့ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၁ ရက်နေ့တွင် မြစ်သားမြို့နယ်၊ မုန်တောလေးကျေးရွာမှ အကြမ်းဖက် စစ်တပ် အတွက် စစ်သားသစ် စုဆောင်းပေးနေသော စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လင်မယားကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီခန့် အုပ်ကြီးတွေအနေနဲ့ ကျွန်တော်တို့ တော်လှန်ရေးသမားတွေက သူ့တို့ရဲ့ နောက်မှာ အရိပ်သဖွယ်ရှိနေတဲ့အတွက်ကြောင့် ပြည်သူနဲ့ အတူ အမြန်ဆုံးပူးပေါင်းပါ အလင်းဝင်ချင်တဲ့ အုပ်ကြီးနဲ့ ပျူတွေအနေနဲ့ ကျွန်တော်တို့ ကျောက်ဆည် KRA ထံ လာရောက်ဆက်သွယ်ပြီးညှိနှိုင်းဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် KRA တာဝန်ခံ မင်းလက်ရာ က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် KRA နှင့်အတူ နောင်ရိုးတပ်ခွဲ၃ ကျောက်ဆည်၏ ဦးဆောင်မှုဖြင့် ပူးပေါင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article