27 C
Yangon

ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝဘုရားအနီး ချင်းတွင်းမြစ်အတွင်း သွားလာနေသော စစ်တပ်သင်္ဘော ၁၉ စီးကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုရှိနိုင်

Must read

ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝဘုရားအနီး ချင်းတွင်းမြစ်အတွင်း သွားလာနေသော စစ်တပ်သင်္ဘော ၁၉ စီးကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုရှိနိုင်

ရန်ကုန်၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝဘုရားအနီး ချင်းတွင်းမြစ်အတွင်း ၌ အကြမ်းဖက် စစ်ကောင်စီ၏ ကြေးနီ၊ ကျောက်စိမ်းများတင်ဆောင်လာသော သင်္ဘော ၁၉ စီးကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦး သေဆုံးခဲ့ကြောင်း Brave Heart Army (BHA) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၁ ရက်နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ကြေးနီများတင်ဆောင်ပြီး မုံရွာမြို့ဘက်မှ စုန်ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ၏ သင်္ဘော ၁၉ စီးကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝဘုရားကြီးအနီးအရောက် ရှေ့ထွက် ပြောင်းတိုက် ၇ ပွိုင့် မိုင်း ၁၄ လုံးဖြင့် နှစ်နေရာခွဲပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာသင်္ဘောပေါ်ပါ စစ်ဗိုလ် တစ်ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လှုပ်ရှားမှုကတော့ မုံရွာမြို့နယ်ကတည်းကပေါ့၊ ပေါင်းဝဘုရားကြီးနားရောက်တဲ့အချိန် တိုက်ခိုက်ခဲ့ တာ။ လေယာဉ်နဲ့ လုံခြုံရေးယူပေးတယ်၊ ပစ်တော့မသွားဘူး။ သင်္ဘောပေါ်က ဗိုလ်တစ်ဦးသေတယ် လို့ သတင်းရတယ်၊ ကျန်တဲ့နောက် ဆက်တွဲတော့ မသိရသေးဘူး။ ဒီနေ့တော့ သင်္ဘောတွေက အနိမ့် ရွာ နားမှာ သောင်တင်နေတယ်၊ အဲဒီမှာ ဖိုက်တာနဲ့လာပြီး ကျဲချနေတယ်။ အဲဒီဘက်ကျတော့ ကျ နော် တို့နဲ့အလှမ်းဝေးသွားပြီ။ ချောင်းဦးမြို့နယ်အဆုံးနဲ့ ပခုက္ကူမြို့ နယ်အစပ်ရောက်သွားတော့ ထိ ခိုက်ပျက်စီးမှု မသိရဘူး” ဟု Brave Heart Army (BHA) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ရဟတ်ယာဉ်တစ်စီးဖြင့် ပျံဝဲကာ လုံခြုံ ရေးယူပေးသော်လည်း လေယောဉ်ပေါ်မှ ပစ်ခတ်တိုက် ခိုက်ခြင်းမရှိကြောင်း၊ သင်္ဘောပေါ်ရှိစစ်သား များက လက်နက်ငယ်များ၊ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း၊ ယခုအခါ ချောင်းဦးမြို့နယ်နှင့် ပခုက္ကူမြို့နယ်အစပ်ရှိ အနိမ့်ကျေးရွာအနီးသို့ ရောက်ရှိသွားပြီး သင်္ဘောများ သောင်တင်နေကာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာများဖြင့် ဗုံးကျဲတိုက်ခိုက်နေ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Fighter Group (C.F.G) က ဦးဆောင်၍ ဗန္ဓုလနှင့်အဖွဲ့သားများ နှင့် Brave Heart Army (BHA)တို့ ပူပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“အရင်ပွဲတွေတုန်းကလည်း ဂန်းငယ်လေးတွေနဲ့ဆော်ခဲ့ရတာ၊ အခုလည်း ကျောက်စိမ်းတွေရော ၊ ကြေးနီတွေရော ၁၉ စီးအားကြီးဆိုတော့ သေချာပေါက်လေယာဉ်လာတာပေါ့၊ ရေကြောင်းမှာလှုပ် ရှားရတာဆိုတော့ ကျနော်တို့အတွက် အန္တရာယ်အများတယ်၊ ကွင်းပြင်ကြီးထဲဆိုတော့ ပွိုင့် လောက်ပဲ ဆွဲခဲ့ရတာ။ ကျည်ဖိုးကတော့လိုတာပေါ့၊ ပိုက်ဆံပေါလို့ ဝယ်နိုင်ရင်တော့ RPG တို့နဲ့ ဆော်လို့ကောင်းတယ်။ သူ့ကိုနိုင်တဲ့လက်နက်နဲ့ဆော်မှာပဲ မှောက်တာတို့ ပျက်တာတို့ရှိမှာ။ အခုက ရှိတာလေးနဲ့ဆော်ရတာဆိုတော့ သိပ်တော့မထိရောက်ဘူး။ အဲဒါကြောင့် မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်ကူညီပေးကြဖို့‌ မေတ္တာရပ်ခံချင်ပါတယ်” ဟု Brave Heart Army (BHA) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ချင်းတွင်းမြစ်အတွင်း သွားလာနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်သင်္ဘောတစ်စီး။

Photo- ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article