27 C
Yangon

ကျောက်ကြီးတွင် ရေတာတမံများကျိုးခြင်း နှင့် နေ့စဉ်မပြတ် မိုးရွာသွန်းမှုကြောင့် ကျေးရွာတွင် ရေကြီးရေလျှံမူများဖြစ်ပေါ်နေပြီး ပြည်သူ ၂ ဦးသေဆုံးကာ လူပေါင်း ၂ သိန်းနီးပါး ရေဘေးသင့်

Must read

ကျောက်ကြီးတွင် ရေတာတမံများကျိုးခြင်း နှင့် နေ့စဉ်မပြတ် မိုးရွာသွန်းမှုကြောင့် ကျေးရွာတွင် ရေကြီးရေလျှံမူများဖြစ်ပေါ်နေပြီး ပြည်သူ ၂ ဦးသေဆုံးကာ လူပေါင်း ၂ သိန်းနီးပါး ရေဘေးသင့်

ရန်ကုန်၊ စက်တင်ဘာ ၂၂

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် မြန်မာပြည်အထက်ပိုင်းမှ ရေတာတမံများကျိုးခြင်း နှင့် နေ့စဉ်မပြတ် မိုးရွာသွန်းမှုကြောင့် ကျေးရွာအတွင်း ရေကြီးရေလျှံမူများဖြစ်ပေါ်နေကြောင်း KNU က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၀ ရက်နေ့မှ ယနေ့အချိန်အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး မြန်မာပြည် အထက်ပိုင်းမှ ရေတာတမံများကျိုးခြင်း တို့ကြောင့် ကျေးရွာအ တွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ် လျက်ရှိကြောင်း၊ ခလယ်လွီထူခရိုင် အတွင်း လယ်ဒိုမြို့နယ်၊မူးမြို့နယ်နှင့်ဆောထိမြို့နယ် စုစုပေါင်း နယ်မြေ ၃ ခု အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြန်မာပြည်အထက်ပိုင်းမှ ရေတာတမံများကျိုးခြင်း ကြောင့် ကျေးရွာများရေကြီးရေလျှံမှုများဖြစ်ပေါ်ကာကျေးရွာပေါင်း ၂၈၉ ရွာ၊ အိမ်ခြေ ၃၂၂၄၆ လုံး၊ လူဦးရေ ၁၆၈,၄၂၇ ဦးရေဘေးသင့်နေရကြောင်း သိရှိရသည်။

လွန်ခဲ့သည့် လအတွင်းမိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာအတွင်းရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ကာ စပါးများရေလွှမ်းကာ ပျက်စီးခြင်းနှင့်ကျန်ရှိနေသောစပါးပင် များ ပိုးကျခြင်းများ ရင်ဆိုင် ကြုံတွေ့ ခဲ့ရကြောင်း၊ ယခုဒုတိယအကြိမ်ရေကြီးရေလျှံမှုများနှင့်ဆည်တာတမံများကျိုးပျက်ခြင်းတို့ကြောင့်နယ်မြေ ၃ ခုအတွင်းရှိကျေးရွာများမှကျန်ရှိသောစပါးပင်များရေထပ်မံလွှမ်းမိုးကာကျေးရွာအတွင်းရှိနေထိုင်သော ပြည်သူလူထုများ၊စစ်ဘေးရှောင်ပြည်သူများနှင့် တိရစ္ဆာန်များအတွက် နေရာအခက်အခဲနှင့် စားဝတ်နေရေးအ ခက်အခဲများစွာကြုံတွေ့နေရပြီး ဒုတိယအကြိမ် ရေကြီးမှုကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ထိုကဲ့သို့အခက်အခဲကြုံတွေ့နေရသော ကျေးရွာ များကို ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီနှင့်အဖွဲ့သားများက လှေများဖြင့် အမြင့်ပိုင်း နေရာများသို့ပို့ဆောင်ခြင်း၊အရေးပေါ်အကူအညီများထောက်ပံပေးခြင်းများ ပြုလုပ်ခဲ့သော်လည်း လုံလောက်မှုမရှိဘဲ အရေးပေါ်အကူအညီများနှင့်ဆေးဝါးများလိုအပ်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article