27 C
Yangon

နောင်ချိုမြို့ကို ညအချိန် စစ်ကောင်စီက လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချမှု ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များ ပျက်စီး

Must read

နောင်ချိုမြို့ကို ညအချိန် စစ်ကောင်စီက လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချမှု ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA က သိမ်းပိုက်ထားသော နောင်ချိုမြို့ကို ယမန်နေ့ ညအချိန် စစ်ကောင်စီက လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချခဲ့ရာ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ ည ၉ နာရီအချိန်နှင့် ယနေ့ နံနက် ၁ နာရီအချိန် စစ်ကောင်စီတပ်က နောင်ချိုမြို့ပေါ်သို့ ဗုံးများကျဲချခဲ့ရာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ယမန်နေ့ ည ၉ နာရီအချိန် လေကြောင်းမှ ဗုံးကျဲမှုမှာ Y12 လေယာဉ်ဖြင့် ဗုံးကျဲခြင်းဖြစ်ပြီး ယနေ့ နံနက် ၁ နာရီအချိန် ဗုံးကျဲမှုမှာ တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီမနက် ၁ နာရီ ကျဲသွားတဲ့ ဗုံးက ပေါင် ၅၀၀ ၃ လုံးပါ။ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး တော့ အပျက်အစီး အတော်များပါတယ်။ ကား ဝပ်ရှော့ အိမ်ထဲတစ်လုံးကျတယ်။ MC ဆီပန့်ဆိုင်မှာတစ်လုံးကျတယ်။ လယ်ကွင်းထဲတစ်လုံးကျတာပါ။ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုရည်ရွယ်ချက်ရှိရှိလိုက်ဖျတ်ဆီးနေတဲ့သဘောပါ။ တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းထားတဲ့မြို့တွေမှာ ပြည်သူတွေမနေရဲအောင် ရန်နိုင်မင်း စစ်ဆင်ရေးအမည်ခံပြီး အကြမ်းဖက်နေတဲ့ စစ်တပ်ရဲ့လုပ်ရပ်ကို နောင်ချိုနေပြည်သူများက ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယမန်နေ့ ညသန်းခေါင်ယံအချိန် MNDAA က သိမ်းပိုက်ထားသော လားရှိုးမြို့နယ်ကိုလည်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article