27 C
Yangon

လှိုင်မြို့နယ်ရှိ စစ်တပ်၏ တပ်ထိန်းတပ်ဖွဲ့ဝင်းကို ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး လူနာတင်ကား ၂ စီးဝင်သွား

Must read

လှိုင်မြို့နယ်ရှိ စစ်တပ်၏ တပ်ထိန်းတပ်ဖွဲ့ဝင်းကို ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး လူနာတင်ကား ၂ စီးဝင်သွား

ရန်ကုန်၊ စက်တင်ဘာ ၂၂

ရန်ကုန်မြို့နယ်၊ လှိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်ထိန်းတပ်ဖွဲ့ဝင်းကို ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း ရန်ကုန်မြို့ပြ UG အဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ ည ၈ နာရီခန့်တွင် လှိုင်မြို့​နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်ထိန်းတပ်ဖွဲ့ဝင်းကို ရန်ကုန် မြို့ပြ UG အဖွဲ့က အဝေးထိန်း နည်းပညာသုံး ဒုံး အသေးစားများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်ထိန်းဝင်းအတွင်းကို ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းပြီး ၂ လုံးကျရောက် ပေါက်ကွဲကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း သိရပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“လူနာတင်ယာဥ်၂စီးဝင်သွားတာတော့မြေပြင်သတင်းရပါတယ်” ဟု ရန်ကုန်မြို့ပြ UG အဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ရန်ကုန်မြို့ပြ စစ်ဆင်ရေးများ ဆက်လက်၍ အရှိန်အဟုန်မြှင့် လုပ်ဆောင်မည်ဖြစ်ပြီး မြို့ပြကို နည်းပေါင်းစုံဖြင့် ဖိနှိပ်နေသော အကြမ်းဖက် စစ်အုပ်စု၏ လက်ပါးစေ၊ ရဲများ၊ စစ်သားများနှင့် ကိုယ်ကျိုးရှာ စီးပွားရေးသမားများ၊ စစ်အုပ်စု၏ ယန္တရားလည်ပတ်စေရေး ကူညီဆောင်ရွက်ပေးနေသူအားလုံး ပြည်သူနှင့် အမြန်ဆုံး ပူးပေါင်းရန် ရန်ကုန်မြို့ပြ UG အဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယခင်နှစ်များအတွင်း လှိုင်မြို့နယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article