27 C
Yangon

တောင်ငူခရိုင်တွင် ရေကြီး ရေလျှံမှုကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး ရွာပေါင်း ၇၅ ရွာ နစ်မြုပ်နေကာ လူ ၁ သိန်းကျော် ရေဘေးသင့်နေ

Must read

တောင်ငူခရိုင်တွင် ရေကြီး ရေလျှံမှုကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး ရွာပေါင်း ၇၅ ရွာ နစ်မြုပ်နေကာ လူ ၁ သိန်းကျော် ရေဘေးသင့်နေ

ရန်ကုန်၊ စက်တင်ဘာ ၂၂

ပဲခူးတိုင်း၊ တောင်ငူခရိုင်တွင် ရေကြီး ရေလျှံမှုကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး ရွာပေါင်း ၇၅ ရွာ နစ်မြုပ်နေကာ လူ ၁ သိန်းကျော် ရေဘေးသင့်နေကြောင်း KNU ဗဟိုက ပြောဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ တောင်ငူခရိုင် အတွင်း ရေကြီးရေလျှံမှုကြောင့် ကျေး ရွာပေါင်း ၇၅ ရွာ ရေနစ်မြှုပ်ကာ လူဦးရေ ၁၄၈၅၀၀ ဦး ရေဘေးသင့်လျက် ကျောင်း ၁ ကျောင်း ပျက်စီး၍ လူ ၇ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း ဖြစ်သော လယ်ယာများလည်း ရေကြီးမှုကြောင့် စစ်တောင်း အရှေ့ဘက်ခြမ်းတွင် ဧကပေါင်း ၂၀၃၇၂.၅၇ ဧက ပျက်စီး ဆုံးရှုံးသည်သာမက မွေးမြူရေးထားသော ကျွဲ ၊ နွား အကောင်ရေ ၇၀ ကျော် အသေအပျောက်ရှိကြောင်း၊ ဇရပ်ကြီး တောင်ခြမ်း အုပ်စု၌လည်း လယ်ပျက်စီးမှု ၆၀၀၀ ဧက နှင့် ကျွဲ၊ နွား အသေအပျောက် ၇၀ ကျော်ရှိကြောင်း သိရသည်။

ရေကြီး ရေလျှံမှုကြီးသည် ၅၈ နှစ်အတွင်း အကြီးမားဆုံး ရေကြီးရေလျှံမှုဖြစ်ပြီး တောင်ငူခရိုင်၌ လာမည့်နှစ်အတွင်း တောင်ပေါ်မြို့များအတွက် စားနပ်ရိက္ခာ ပြတ်လတ်သည့် အခြေအနေများ ဖြစ်‌ပေါ်လာနိုင်ကြောင်း KNU ဗဟိုက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article