27 C
Yangon

ထီးလင်းမြို့မှ စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ်သိန်း ၅၀ ချီးမြှင့်

Must read

ထီးလင်းမြို့မှ စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ်သိန်း ၅၀ ချီးမြှင့်

ရန်ကုန်၊ စက်တင်ဘာ ၂၃

မကွေးတိုင်း၊ ထီးလင်းမြို့မှ စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင် လာသောကြောင့် ငွေကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့ကြောင်း ဂန့်ဂေါခရိုင်အမှတ် ၁၈ တပ်ရင်းက ပြောဆိုသည်။

စက်တင်ဘာလ ၁၁ ရက်နေ့တွင် ထီးလင်းမြို့မှ စစ်ကောင်စီ တပ်သား ထက်လင်းအောင်သည် MA 3 ၁ လက်၊ ကျည်ဘောက် တစ်ဘောက်၊ ၅.၅၆ ကျည် ၂၀ တောင့် နှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး စက်တင် ဘာလ ၁၆ ရက်နေ့တွင် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့သို့ လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့သော စစ်ကောင်စီ တပ်သား ထက်လင်းအောင် ကို ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ပြီး စစ်ကောင်တပ်သား ထက်လင်းအောင် ၏ ဘဝရှေ့ရေး အဆင်ပြေစေရန် နေထိုင်ရေး၊ အလုပ်အကိုင်ရရှိရေး နှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက် ဆောက်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article