29 C
Yangon

လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများကျဲချမှု ပြည်သူ ၁ ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရကာ အပျက်အစီးများပြား

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို တိုက်လေယာဉ်များဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိကာ အပျက်အစီးများပြားကြောင်း ဒေသပြည်သူများနှင့် MNDAA ထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန် စစ်တပ်က လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်၊ ရထိုက် ဟိုတယ်နှင့် ဖူလီလိုက်ဟိုတယ်ကို လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် အဆောက်အဦတချို့ ပျက်စီးပြီး ပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း အခြေအနေ မစိုးရိမ်ရကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၄ နာရီအချိန်တွင်လည်း လားရှိုးမြို့ပေါ်သို့ ထပ်မံ၍ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများ ထပ်မံ ကျဲချခဲ့ကြောင်း ၊ အဆိုပါ ဗုံးကျဲမှုသည် အမှတ် ၂ ရပ် ကွက်၊ ကြက်ကင်ဆိုင်လမ်းအကြား၊ လပ်ကီးရွှေဆိုင်သို့ ကျရောက်ပြီး အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

အကြမ်းဖက်စစ်ကောင်စီက ဩဂုတ်လ ၃၀ ရက်နေ့၊ စက်တင်ဘာလ ၉ ရက်နေ့၊ စက်တင်ဘာလ ၁၀ ရက်နေ့ နှင့် စက်တင်ဘာလ ၂၁ ရက်နေ့ တို့တွင် လားရှိုးမြို့သို့ လေကြောင်းတိုက်ခိုက်မှုများ အပြင်း အထန် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့်‌ နေရာများကိုလူသားချင်းစာနာမှုမရှိစွာဖြင့် ရက်ရက်စက်စက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့ရသည့်အပြင် အသက် အိုးအိမ် စည်းစိမ်များထိခိုက်ဆုံးရှုံးနေခြင်းကြောင့် ပြည်သူအများ ထိတ်လန့်တုန်လှုပ် နေကြကြောင်း MNDAA က ထုတ်ပြန်ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article