28 C
Yangon

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ဗုံးကျဲနေ

Must read

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ဗုံးကျဲနေ

ရန်ကုန်၊ စက်တင်ဘာ ၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ဗုံးကျဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာကို ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် ဗျူဟာကုန်းက လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များလည်း တိုက်ပွဲများ ဆက်တိုက် ပြင်းထန်လျက်ရှိပြီး လက်နက်ကြီး၊ လက်နက်ငယ် ပေါက်ကွဲသံများလည်း ဆက်တိုက် ထွက်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

“ဒီနေ့လည်း ဆိုင်းတောင်မှာ တိုက်ပွဲပြန်ဖြစ်တယ်။ ၄ နာရီ ၈ မိနစ်လောက်က ဂျက်ဖိုက်တာ ၁ စီး ဗုံး ၂ ခေါက်လာချသွားတယ်။ ဒီနေ့လည်း ဖားကန့် ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ လှမ်းထုနေတယ်။ ဒီဂျက်ဖိုက်တာလာပြီးနောက်ပိုင်းမှာတော့ လက်နက်ကြီး ဆက်တိုက်ထုနေတယ်ပေါ့။ ၁၈ ရက်ရှိပြီပေါ့။ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်။ ဗျူဟာကုန်းက တစ်နေကုန် လက်နက်ကြီးထုနေတာ တိုက်ပွဲပြင်းထန်နေတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

Sierra Exif JPEG
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article