30 C
Yangon

ကြို့ပင်ကောက်မြို့နယ်တွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ကြို့ပင်စခန်းရွာ ရာအိမ်မှူး သိန်းဦး ပစ်ခတ်ခံရပြီး သေဆုံး၊ လေသေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ကြို့ပင်ကောက်မြို့နယ်တွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ကြို့ပင်စခန်းရွာ ရာအိမ်မှူး သိန်းဦး ပစ်ခတ်ခံရပြီး သေဆုံး၊ လေသေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၅

ပဲခူတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ကြို့ပင်စခန်းရွာ ရာအိမ်မှူး သိန်းဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၌ ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေညှစ်များစွာ လုပ်ဆောင်နေသော ကြို့ပင်စခန်းရွာ ရာအိမ်မှူး သိန်းဦးကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ရာအိမ်မှူး သိန်းဦးထံမှ လေသေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ သိန်းဦးသည် ကျေးရွာအတွင်းရှိ နေအိမ်များထံမှလည်း တစ်လလျှင် ထောက်ပံ့ကြေးဟုဆိုကာ ငွေကြေး ၃ သိန်းကျပ် အတင်းအဓမ္မကောက်ခံနေသူလည်း ဖြစ်ကြောင်း သိရှိရသည်။

” မနေ့က ညနေ ၄ နာရီလောက်က သိန်းဦးအိမ်ကို ရဲဘော်တွေသွားတော့ သူက လေသေနတ်နဲ့ ဓားကိုင်ထွက်လာတာ သူ့ကိုဓားချဖို့ပြောတာ မချလို့ ခေါင်းကို ၇ ချက်ပစ်ပြီး ရှင်းလိုက်တယ်။

သူက စစ်ခွေးတွေ ရဲခွေးတွေနဲ့ပေါင်းပြီး လမ်းသွားလမ်းလာတွေကို ပေါ်တာဆွဲတယ်။ သိန်း ၃၀ လောက်ပေးနိုင်ရင် ပြန်လွှတ်ပေးတယ်။ မပေးနိုင်ရင် တပ်သားသစ်အနေနဲ့ စစ်တပ်ထဲ ထည့်တာ

ရွာမှာလည်း တစ်အိမ်ကို ၃ သိန်း စစ်မှုထမ်းကြေးပေးဖို့ သေနတ်ပြပြီး ခြိမ်းခြောက်တောင်းနေတာ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့နှင့် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ(၁) Dragon Brothers တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article