32 C
Yangon

တံတာဦးတွင် ဗိုလ်မှူးသန်းနိုင်ဦး၏ အမိန့်ဖြင့် စစ်မှုထမ်းအပတ်စဉ် ၆ အတွက် လူငယ် ၁၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီး၊ ယနေ့တွင်လည်း ပေါ်တာဆွဲ ဖမ်း ဆီးမှုများ လုပ်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူးသန်းနိုင်ဦး၏ အမိန့်ဖြင့် အောက်တိုဘာလအတွင်း စတင်မည့် စစ်မှုထမ်း အပတ် စဉ် ၆ အတွက် လူငယ် ၁၀၀ ကျော်ကို ယမန့်နေ့တွင် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်ဒေသပြည်သူများနှင့် မြို့နယ်စစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။

တံတားဦးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက စစ်မှု ထမ်းသင်တန်းများအတွက် လိုအပ်သော လူ ငယ်အရေအတွက် စုဆောင်းပေးနိုင်ခြင်းမရှိသဖြင့် တံတားဦးမြို့နယ် တာ၀န်ခံ ဗိုလ်မှူးသန်းနိုင်ဦးက ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ရန် ညွှန်ကြားခဲ့ကြောင်း၊ ဗိုလ်မှူးသန်းနိုင်ဦးအမိန့်ဖြင့် ယမန်နေ့ တံတားဦးမြို့နယ်တစ်ဝန်းမှ လူငယ် ၁၀၀ ကျော် ပေါ် တာဆွဲ ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။

“မနေ့က တံတားဦးမြို့နယ် ရွာတွေကနေ အမျိုးသား ၁၀၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရပါတယ်။ အခုလို ပေါ်တာဆွဲခံရတာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမအကြိမ်က အရင်လတွေတုန်းက လူငယ် ၂၀၀ ဝန်းကျင် တံတားဦးတစ်မြို့နယ်လုံးမှာ စစ်မှုထမ်းဖို့ စုဆောင်းခံရပါတယ်။ ဒီနေ့လည်း တံတားဦးထဲမှာ ပေါ်တာဆွဲ စစ်ဆေး ဖမ်းဆီးမှုတွေ လုပ်နေပါတယ်။ လက် လုပ်လက်စားတွေ အလုပ်သွားဖို့ အရမ်း ခက်ခဲနေပါတယ်” ဟု တံတားဦးမြို့နယ်မှ သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တံတားဦးမြို့နယ်အတွင်းတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း စစ်မှု ထမ်းရန် အကျုံးဝင်သည့် လူငယ်အရေ အတွက် စာရင်းကို မြို့နယ်တာဝန်ခံ ဗိုလ်မှူးသန်းနိုင်ဦးနှင့် လ၀က ဝန်ထမ်းများ ပြုစုထားပြီး ကျေးရွာများတွင် ညအချိန် ဧည့်စာရင်းဖြင့် ဝင်ရောက် ဖမ်းဆီးမှုများလည်း ရှိနေကြောင်း သိရှိရသည်။

“တံတားဦးမှာ တချို့ရွာတွေက စစ်မှုထမ်းဖို့ လူငယ်တွေ ခေါ်ပေးတယ်။ တချို့ရွာတွေကတော့ လူမပေးကြဘူး ။ လူငယ်မပေးတဲ့ ရွာတွေကို အခုက အဓိက ပစ်မှတ်ထား ဖမ်းဆီးနေတယ်။ အခုလည်း မနက်အစောကြီးကို လမ်းတွေမှာ စစ်ဆေးဖမ်းဆီးနေလို့ လက်လုပ်လက်စား အိမ်ထောင်ဦးစီးယောက်ျားသားတွေ အလုပ်တောင် မသွားရဲတော့ဘူး။ မိသားစုစား၀တ် နေရေး တစ်ဖက် နိုင်ငံ ရေး တစ်ဖက်နဲ့ အရမ်းအခက်တွေ့နေကြရပါတယ်” ဟု တံတားဦးမြို့နယ်မှ ပြည် သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တံတားဦးမြို့နယ်တွင် နယ်မြေ ၃ ခု၊ ကျေးရွာအုပ်စု ၆၁ စုနှင့် ကျေးရွာပေါင်း ၁၆၄ ရွာရှိရာ လစဉ် စစ်မှုထမ်းရန် လူငယ်အရေအတွက် ၅၀၀ နီးပါး စစ်တပ်က စုဆောင်းနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – တံတားဦးမြို့နယ် တာဝန်ခံ ဗိုလ်မှူးသန်းနိုင်ဦး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တံတားဦးမြို့နယ် တာဝန်ခံ ဗိုလ်မှူးသန်းနိုင်ဦး။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article