26 C
Yangon

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA အမှတ် ၁ စစ်ဒေသ တစ်နေရာတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဟောပြောပွဲနှင့် တော်လှန်ဖျော်ဖြေပွဲပြုလုပ်

Must read

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA အမှတ် ၁ စစ်ဒေသ တစ်နေရာတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဟောပြောပွဲနှင့် တော်လှန်ဖျော်ဖြေပွဲပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၂၇

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA အမှတ် ၁ စစ်ဒေသ တစ်နေရာတွင် “စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဟောပြောပွဲနှင့် တော်လှန်ဖျော်ဖြေ တင်ဆက်မှု အခမ်းအနား” ကို စက်တင်ဘာ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် ဒေသကျေးရွာကာကွယ်ရေးအဖွဲ့နှင့် ပညာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်တစ်ဦးက “စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် စစ်သုံးစစ်တိုက်ဖျက်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူလူထုကို ဟောပြောခဲ့ကြောင်း၊ ဟောပြောပွဲပြီးနောက် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များနှင့် ဒေသခံကာကွယ်ရေးအဖွဲ့ ရဲဘော်များမှ တော်လှန်ရေးတေးသီချင်းများ၊ ပြဇာတ်များဖြင့်ဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် အခမ်းအနားတွင် ပြည်သူများက အလှူငွေများ ထည့်ဝင်လှူဒါန်းကြပြီး ရရှိသော အလှူငွေအားလုံးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ကျေးရွာပညာရေးအဖွဲ့ထံသို့ ပြန်လည်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article