ရန်ကုန်၊ မေ ၄
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ မြို့လယ်ချောင်း စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၅၁ မိနစ်ခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ မြို့လယ်ချောင်းဂိတ်စခန်းကို ဗျူဟာ ၂၂ ကွတ်ကဲမှုလက်အောက်ရှိ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ စစ်သား ၇ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“မြို့လယ်ချောင်းစစ်တပ် ဂိတ်စခန်းကို ကျနော်တို့ ရဲဘော်တွေ မနေ့က နံနက်ပိုင်းမှာ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ စစ်ခွေး ၇ကောင် သေပြီးတော့ ရဲဘော်တွေ ထိအခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။




