26 C
Yangon

ကန့်ဘလူရှိ သီရိမွန်ရွာအနီးကို စစ်တပ်က လေကြောင်းဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်၊ လယ်ဒိုရှိ ကျေးရွာများကိုလည်း စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၍ နေအိမ်များ ပျက်စီး

Must read

ကန့်ဘလူရှိ သီရိမွန်ရွာအနီးကို စစ်တပ်က လေကြောင်းဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်၊ လယ်ဒိုရှိ ကျေးရွာများကိုလည်း စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၍ နေအိမ်များ ပျက်စီး

ရန်ကုန်၊စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ သီရိမွန်ရွာအနီးကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က သီရိမွန်ရွာ ကိုလေကြောင်းဖြင့် ၅ ကြိမ် တိုက်ခိုက်ပြီးနောက် ယနေ့ ညနေပိုင်းတွင် ထပ်မံ၍ မေတ္တာမွန်ရွာနှင့် သီရိမွန်ရွာ အကြားကို လေကြောင်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ကန့်ဘလူနယ်ကို အခု ညနေပိုင်း Mi-35မှာ စစ်ခွေးတွေ လေကြောင်းနဲ့ ထပ်ပစ်သွားတယ်။ အခုထပ်ပစ်တဲ့ နေရာက မေတ္တာမွန်ရွာနဲ့ သီရိမွန်ရွာ အကြားကို လေကြောင်းနဲ့ ပစ်ခတ်နေတယ်လို့ သိရတယ်။ ထိခိုက်မှု အခြေအနေ မသိရသေးဘူး။ ကန့်ဘလူ ၆၀၀၆ က တက်လာတဲ့ Mi-35 နဲ့ပဲ လာပစ်သွားတာ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း အကြမ်း ဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံး ထိခိုက် ပျက်စီး ခဲ့ရကြောင်း KNU ဗဟိုက ပြောဆိုသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် လယ်ဒိုမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ရေတွင်းကုန်းကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ဦးဇော်ထွန်းနိုင် နှင့် ဦးကျော်ဦး တို့၏ နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀နာရီ ၁၉ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၂ မမ ၂ လုံး ပစ်ခတ်ခဲ့ရာ ခင်ကန့်လန့် ကျေးရွာအတွင်း ကျရောက် ရောက် ပေါက် ကွဲခဲ့ကြောင်း၊ မွန်းလွဲ ၁၂ နာရီ ၁၁ မိနစ် နှင့် ညနေ ၆ နာရီ ၁၃ မိနစ်ခန့်တို့တွင် ယင်းတပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၆ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ချုံအင်းကျေးရွာနှင့် ‌ဂွေးကုန်း ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article