30 C
Yangon

ကန့်ဘလူရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲမှု ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံး၊ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ကန့်ဘလူရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲမှု ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံး၊ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ ၂ ရက်ဆက် တိုက်ခိုက်မှုအတွင်း ကန့်ဘလူမြို့နယ်ရှိ စံပါယ်နံ့သာရွာ၊ ရေရှင်ကြီးရွာနှင့် အောင်တိုင်းလယ်ရွာ မှ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းကလည်း စံပါယ်နံ့သာရွာရှိ အကြမ်းဖက် စစ်တပ်အထိုင်စခန်းက ရေရှင်ကြီးရွာကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ရာ ရေရှင်ကြီးရွာမှ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ခရီးသွား ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း၊ အောင်တိုင်းလယ်ကျေးရွာကိုလည်း ယင်းနေ့တွင် ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက်၅၀ ကျော်အရွယ် ဒေါ်ရွှေ ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းကလည်း အကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်ကြောင်းနှင့် ထပ်တိုက် တွေ့ဆုံမိခဲ့သည် ၂ မိုင်တောတိုက်မှ အမျိုးသမီးတစ်ဦးကိုလည်း စစ်ကောင်စီ တပ်သားများက ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စံပါယ်နံ့သာရွာ အထိုင်စခန်းက ဒရုန်းဖြင့် ထပ်မံ၍ ဒရုန်ဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ မှန်နီပင်ရွာမှ အသက် ၃၅ နှစ်အရွယ် မအိအိခိုင်နှင့် အသက် ၂၅ နှစ်အရွယ် မအိအိနိုင် တို့ ညီအစ်မ ၂ ဦး ၊ အသက် ၅၀ အရွယ် ဒေါ်လှော် နှင့် အသက် ၅ နှစ်အရွယ် ကလေးငယ် မဖူးဝေ အပါအဝင် စုစုပေါင်း အပြစ်မဲ့ ပြည်သူ ၄ ဦး ထပ်မံသေဆုံးခဲ့ရကြောင်း သိရသည်။

ထို့သို့ နှစ်ရက်တာအတွင်း အကြမ်းဖက် စစ်တပ်၏ လူမဆန်သော အကြမ်းဖက် လုပ်ရပ်များကြောင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ သုံးရွာမှ အပြစ်မဲ့ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ၇ ဦးမှာလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် စံပါယ်နံ့သာ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပြည်သူများလည်း အရေးပေါ်ထွက်ပြေး တိမ်းရှောင်တိမ်းနေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article