33 C
Yangon

ကောလင်း၊ တဂေါင်းအိုင်ရွာကို စစ်တပ်က လေကြောင်းဖြင့် ၁၄ ကြိမ် ဗုံးကျဲတိုက်ခိုက်မှု အသက် ၉ နှစ်အရွယ် မိန်းကလေး ၁ ဦး အပါအဝင် ၂ ဦး ထိမှန်ဒဏ်ရာရ၊ နေအိမ် ၆ လုံးခန့်ပျက်စီး

Must read

ကောလင်း၊ တဂေါင်းအိုင်ရွာကို စစ်တပ်က လေကြောင်းဖြင့် ၁၄ ကြိမ် ဗုံးကျဲတိုက်ခိုက်မှု အသက် ၉ နှစ်အရွယ် မိန်းကလေး ၁ ဦး အပါအဝင် ၂ ဦး ထိမှန်ဒဏ်ရာရ၊ နေအိမ် ၆ လုံးခန့်ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ တဂေါင်းအိုင်ကျေးရွာကို အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ၁၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၂ ဦး ထိမှန်ဒဏ်ရာရရှိ ပြီး နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကောခရိုင်အမှတ် ၂ တပ်ရင်းထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်မှ ၁ နာရီခွဲခန့်အထိ ကောလင်းမြို့နယ်၊ တဂေါင်းအိုင်ကျေးရွာကို ကန်ဘလူမြို့နယ် အကြမ်းဖက်စစ်ကောင်စီတပ် အမှတ် ၆၀၀၆ တပ်ရင်းမှ တက်လာသော Mi 35 ဖြင့် ၆ ကြိမ်၊ Mi2 ဖြင့် ၈ ကြိမ် စုစု ပေါင်း ၁၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အ သက် ၉ နှစ်အရွယ် မခိုင်သဇဝင်းတွင် ခြေထောက် ကျည် ထိမှန်ပြီး ခြေထောက်ဖြတ်ရမည့် ဒဏ်ရာ အခြေအနေရရှိခဲ့ကြေင်း၊ ထို့အပြင်နေအိမ် ၆ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ပစ်တာက ရွာစာသင် ကျောင်းကို ပစ်မှတ်ထားပစ်ခတ်တာ။ ဘာသတင်းရလို့လည်းတော့ မသိဘူး။ မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မရှိဘူး။ ပစ်တာက Rocketနဲ့‌ရော စက်လက်နဲ့ပါပစ်တာ။ အဲလိုပစ်ခတ် လို့ ပြည်သူထဲက လူကြီးတစ်ယောက်နဲ့ ကလေးတစ်ယာက် ကျည်စထိမှန်ထားတာရှိတယ်။ လူကြီး က လက်ထိတယ်။ ကလေးက ခြေ ထောက် ထိတယ်။ နှစ်‌ယောက်စလုံးက‌တော့ အသက်အန္တရယ် တော့ မစိုးရိမ်ရဘူး” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့သည့် တဂေါင်းအိုင် ကျေးရွာကို တိုက်ပွဲ လည်းမရှိသကဲ့သို့ PDF တပ်ဖွဲ့ဝင်များလည်းနေထိုင်မှုမရှိဘဲ ပြည်သူများသာ အေးအေးချမ်းချမ်းနေထိုင်သည့်ကျေးရွာတစ်ရွာဖြစ်ကြောင်း ကောလင်းခရိုင်အမှတ် ၂ တပ်ရင်းက ပြောဆိုထားသည်။

အလားတူ ယမန်နေ့ မွန်းလွဲပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ကောလင်းမြို့ အနောက် ခြမ်းရှိ ဥက္ကံရွာနှင့် မူတိမ်ရွာ အနီးတို့ကိုလည်း Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ၂ ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်ကလေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ကျေးရွာ နေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article