32 C
Yangon

စစ်ကောင်စီက လေယာဉ်ဖြင့် တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဗုံးများ စမ်းသပ်ထုတ်လုပ်နေပြီး လားရှိုးအပါအဝင် နိုင်ငံတစ်ဝန်းတွင် စမ်းသပ်နေ၊ တော်လှန်ရေးနယ်မြေများကို အမြဲမပြတ် လေယာဉ်ဖြင့် ဗုံးကျဲရန် ရည်ရွယ်ထား

Must read

စစ်ကောင်စီက လေယာဉ်ဖြင့် တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဗုံးများ စမ်းသပ်ထုတ်လုပ်နေပြီး လားရှိုးအပါအဝင် နိုင်ငံတစ်ဝန်းတွင် စမ်းသပ်နေ၊ တော်လှန်ရေးနယ်မြေများကို အမြဲမပြတ် လေယာဉ်ဖြင့် ဗုံးကျဲရန် ရည်ရွယ်ထား

ရန်ကုန်၊ စက်တင်ဘာ ၂၉

အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့် တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဗုံးများကို ကာကွယ်ရေးပစ္စည်း ထုတ် လုပ်ရေးစက်ရုံးများက စမ်းသပ်ထုတ်လုပ်နေပြီး လားရှိုး အပါအဝင် နိုင်ငံတစ်ဝန်းတွင် စမ်းသပ်ကျဲချနေကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

တိုက်လေယာဉ်ဖြင့် ပစ်ခတ် ဗုံးကျဲရာတွင် အသုံးပြုသည့် ဗုံးများမှာ တရုတ်၊ ရုရှားတို့မှ ဝယ်ယူရခြင်းဖြစ်ပြီး အချိန်မီ လိုသလောက် မရနိုင်ခြင်းနှင့် ဗုံးများ ဝယ်ယူရန် နိုင်ငံခြားငွေ ဒေါ်လာ လိုအပ်ချက်ရှိနေခြင်း တို့ကြောင့် စစ်ကောင်စီက ထိုသို့ ကပစစက်ရုံများတွင် ဗုံးများ စမ်းသပ်ထုတ်လုပ်ကာ လေယာဉ်များဖြင့် စမ်းသပ်ကျဲခိုင်းနေကြောင်း သိရှိရသည်။

“ကပစ ထုတ် လေယာဉ် ဗုံးတွေ စမ်းသပ်ပြီးတော့ ကျဲခိုင်းနေတာတွေရှိနေတယ်။ တဖြည်းဖြည်းတော့ အဆင်မြှင့်ပြီး စမ်းသပ်ထုတ်လုပ်နေတယ်။ လောလောဆယ်တော့ တရုတ်လေယာဉ် FTC 2000 တွေမှာတော့ သိပ်အဆင်မပြေသေးဘူး” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

ကပစစက်ရုံများမှာ Made in Myanmar လေယာဉ်ဗုံးများ အမြောက်အမြားထုတ်လုပ်နိုင်ပါက တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများကို အမြဲမပြတ် နေ့စဉ် ညစဉ် ဗုံးကျဲထားနိုင်ရန်လည်း စစ်ကောင်စီက ရည်ရွယ်ထားကြောင်း သိရှိရသည်။

လတ်တလော စစ်ကောင်စီက ရန်နိုင်မင်း စစ်ဆင်ရေး စီမံချက်ဖြင့် ဆုံးရှုံးနယ်မြေများကို ပြန်လည်တိုက်ယူရေး ကနဦးအဖြစ် လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံတစ်ဝန်း ဆက်တိုက် အရှိန်မြှင့်တင်နေပြီး များမ​ကြာမီ မြေပြင် ထိုးစစ်များလည်း ထုအင်အားဖြင့် စတင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီက လေယာဉ်ဖြင့် ကျဲချခဲ့သော်လည်း မပေါက်ကွဲခဲ့သည့် လေယာဉ်ဗုံးတစ်လုံး။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article