29 C
Yangon

မုံရွာ -မန္တလေး လမ်းပိုင်းတွင် ကင်းယူရန် ထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦး သေဆုံး

Must read

မုံရွာ -မန္တလေး လမ်းပိုင်းတွင် ကင်းယူရန် ထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် လမ်းပိုင်း လုံခြုံရေး ကင်းယူရန် ထွက်လာ သော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း BLDF တပ် ခွဲ အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၇ ရက် နေ့တွင် မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာ၊ မုံရွာ-မန္တလေးလမ်းပိုင်း ရွှေကူကြီး ဘုရားအနီးတွင် ကင်းပုန်းဝပ်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးနေရာ၌ ပွဲချင်းပြီး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက်မပြတ်ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ချောင်းမြို့နယ် ပြည်သူ့ကာကွရေးတပ် ဗမာလွတ်မြောက်ရေး ဒီမိုကရက် တစ်တပ်ဦး – BLDF တပ်ခွဲ အညာမိုင်း တပ်ဖွဲ့၊ ဇာမနီ ပျောက်ကျားတပ်ဖွဲ့နှင့် TGR တိုက်ဂါး တပ်ဖွဲ့ တိုက ပူးပေါင်း လုပ်‌ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article