26 C
Yangon

တရုတ်မှ ရောက်ရှိလာသော FTC 2000 G တိုက်လေယာဉ်သစ် ၆ စီးကို နမ့်စန်နှင့် မိတ္တီလာလေတပ်တို့တွင် ၃ စီးစီ ခွဲခြားထားရှိပြီး FTC လေယာဉ်အုပ်မှူးအဖြစ် ဒုဗိုလ်မှူးကြီး ဝင်းဟန်ဦးနှင့် ဒုအုပ်မှူးအဖြစ် ဗိုလ်မှူးဇေယျာထွန်းတို့က ဦးစီးနေ

Must read

🟥 နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်အများစုတွင် FTC 2000 G တရုတ်တိုက်လေယာဉ်များကို အဓိသုံးနေ

ရန်ကုန်၊ စက်တင်ဘာ ၃၀

အကြမ်းဖက်စစ်ကောင်စီက တရုတ်နိုင်ငံမှ ဝယ်ယူထားသော FTC 2000 G လေယာဉ်သစ် ၆ စီးသည် မကြာသေးမီက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး အဆိုပါ တိုက်လေယာဉ်သစ်များကို နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု အများစုတွင် အသုံးပြုနေကြောင်း လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ဩဂုတ်လအတွင်း မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံထုတ် FTC 2000G လေယာဉ်သစ် ၆ စီး ရောက်ရှိခဲ့ပြီး နမ့်စန်လေတပ်တွင် ၃ စီး၊ မိတ္တီလာလေတပ်တွင် ၃ စီး ထားရှိကြောင်း၊ FTC 2000G လေယာဉ်အုပ်မှူးအဖြစ် ဒုတိယဗိုလ်မှူးကြီး ဝင်းဟန်ဦးကို စစ်ကောင်စီက ခန့်အပ်ထားပြီး နမ့်စန် လေတပ်တွင် ကြီးကြပ်ကွပ်ကဲနေကြောင်း၊ မိတ္တီလာလေတပ်ရှိ FTC 2000 G လေယာဉ်သစ် ၃ စီးကို ဗိုလ်မှူး ဇေယျာထွန်းက ဦးစီးလျက်ရှိကြောင်း၊ လက်ရှိတွင် နိုင်ငံတစ်ဝန်းမှ လေကြောင်းတိုက်ခိုက်မှုများကို FTC 2000 G လေယာဉ်သစ်များဖြင့် ပစ်ခတ်မှုများ လုပ်ဆောင် နေကြောင်း သိရှိရသည်။

“ဝင်းဟန်ဦး (ဒုဗိုလ်မှူးကြီး) ကအရင်က တရုတ် F7 တိုက်လေယာဉ်အုပ်က လာတာ။ အခုတေ့ FTC 2000 G အုပ်မှူးဖြစ်လာတာ။ နမ့်စန် လေတပ်မှာ သူက ထိုင်တယ်။ လေယာဉ်သစ် ၆ စီးကို နမ့်စန်မှာ ၃ စီးထားတယ်။ မိတ္တီလာမှာ ၃ စီးထားတယ်။ မိတ္တီလာမှာရှိတဲ့ FTC 2000G တွေကို DSA အပတ်စဉ် ၄၆ က သူရဘွဲ့ရထားတဲ့ ဗိုလ်မှူး ဇေယျာထွန်းက ဦးစီးတယ်။ ဝင်းဟန်ဦးအောက်ကပေါ့” ဟု လေတပ်သတင်းရင်းမြစ်က ဆိုသည်။

ယခင် ၂၀၂၂ ခုနှစ်အတွင်း ရောက်ရှိခဲ့သော FTC 2000 G လေယာဉ် ၆ စီးမှာ တိုက်ခိုက်ရေးတွင် အသုံးများပြားခဲ့ပြီး တစ်စီးမှာ ဇန်နဝါရီလ ၁၆ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအနီးတွင် FTC 2000 G လေယာဉ်ကို KIA က ပစ်ခတ် ချခဲ့သဖြင့် ၅ စီးသာကျန်ရှိတော့ကြောင်း၊ ယခုနှစ်အတွင်း ထပ်မံ၍ FTC 2000 G လေယာဉ်သစ် ၆ စီးရောက်ရှိခဲ့သောကြောင့် စုစုပေါင်း လေယာဉ် ၁၁ စီး ရှိကြောင်း သိရှိရသည်။

“အရင် FTC လေယာဉ်က ၆ စီးရှိတာမှာ ၁ စီးက နမ့်ဖတ်ကာမှာ ပစ်ချခံရတယ်။ အဲဒါကြောင့် ၅ စီးကျန်တယ်။ အခု အသစ် ၆ စီးထပ်ရောက်တော့ စုစုပေါင်း ၁၁ စီးရှိတယ်။ အခု မြင်းခြံ တောင်သာ မတ္တရာ လားရှိူး တော်တော်များများ ဝင်းဟန်ဦးက နမ့်စန်ကနေ ကွပ်ကဲပြီး ခိုင်းနေတာ။ ဆီကလည်း အရမ်းခိုး။ လေယာဉ်က ပျံသန်းချိန် hour ပိုရလေ များများဆီခိုးရာင်းလို့ရလေဆိုတော့ သူပဲ ကွပ်ကဲနေတာ” ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ – တရုတ်နိုင်ငံလုပ် FTC 2000 G လေယာဉ်တစ်စီး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တရုတ်နိုင်ငံလုပ် FTC 2000 G လေယာဉ်တစ်စီး။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article