26 C
Yangon

ဝိုင်းမော်၊ ရှငေါ်ရွာအနီးမှ စစ်တပ် ပင်မစခန်းနှင့် ကာကင်းစခန်း ၂ ခု ကို KIA က တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်ဘက်မှ သေဆုံးသူနှင့် အရှင်ဖမ်းဆီးရရှိသူ များ ရှိ

Must read

ဝိုင်းမော်၊ ရှငေါ်ရွာအနီးမှ စစ်တပ် ပင်မစခန်းနှင့် ကာကင်းစခန်း ၂ ခု ကို KIA က တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်ဘက်မှ သေဆုံးသူနှင့် အရှင်ဖမ်းဆီးရရှိသူ များ ရှိ

ရန်ကုန်၊ စက်တင်ဘာ ၃၀

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရှငေါ်ရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ ပင်မစခန်းနှင့် ကာကင်းစခန်း ၂ ခုကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ဝိုင်းမော်မြို့နယ်၊ ချီဖွေလမ်းပိုင်း၊ ရှငေါ်ရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ ပင်စခန်းနှင့် ကာကင်းစခန်း ၂ ခုကို KIA ၊ KPDF ပူးပေါင်း တပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဝိုင်းမော်မြို့နယ်၊ ချီဖွေလမ်းပေါ် ရှငေါ် ရွာအနီးက အကြမ်းဖက် စစ်တပ်ရဲ့ ပင်မစခန်းနဲ့ ကာကင်းစခန်း ၂ ခုကို KIA၊ KPDF ပူးပေါင်းတပ်တွေက ဒီနေ့ နံနက်ပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ” ဟု KIA စစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်။

လက်ရှိချိန်တွင် အဆိုပါ တပ်စခန်းများအနီး နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေပြီး စစ်ကောင်စီ တပ်သား သေဆုံးမှုများရှိကာ အရှင်ဖမ်းဆီးထားသူများလည်းရှိ ကြောင်း၊ ထို့ပြင် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုများကို စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article