26 C
Yangon

မြစ်ခြေရဲစခန်းနှင့် စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို ၂ ရက်ဆက် ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

Must read

မြစ်ခြေရဲစခန်းနှင့် စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို ၂ ရက်ဆက် ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၃၀

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်းနှင့် စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို ၂ ရက်ဆက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Black Egale Drone Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ် သစ်မီဒီယာကို ပြောဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တွင် မြစ်ခြေရဲစခန်းနှင့် အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို တော်လှန်ရေး တပ်ဖွဲ့များက ၂ ရက်ဆက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“အဲ တိုက်ခိုက်မှုက စစ်ခွေး ၆ ကောင်သေတယ်။ ၁၄ ရက်နဲ့ ၁၅ ရက် ၂ ရက်ဆက်တိုက် ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ မြစ်ခြေမြို့ပေါ်က စစ်ခွေး လက်ပါးစေတွေကို အပြီးတိုင် မောင်းထုတ် သွားမယ်” ဟု Black Egale Drone Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Egale Drone Force ၊ ABSDF Column-3 နှင့် ဒေသ Drone တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article