27 C
Yangon

နိုင်ငံတစ်ဝန်း ၄ လတာကာလအတွင်း ပြည်သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ် အနည်းဆုံး ၆၀ ခုဖြစ်ပွားခဲ့ပြီး ပြည်သူ ၇၀၅ ဦး သေဆုံး

Must read

နိုင်ငံတစ်ဝန်း ၄ လတာကာလအတွင်း ပြည်သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ် အနည်းဆုံး ၆၀ ခုဖြစ်ပွားခဲ့ပြီး ပြည်သူ ၇၀၅ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃

မြန်မာနိုင်ငံတစ်ဝန်းတွင် ၄ လအတွင်း လူ ၅ ဦးနှင့် အထက် ပြည်သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်အနည်းဆုံး ၆၀ ခုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီက သတ်ဖြတ်မှု ၅၆ ခုကို ကျူးလွန်ခဲ့ကာ ပြည်သူ အနည်းဆုံး ၆၄၃ ဦး သေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၄ ခုနှစ် မေလမှ ဩဂုတ်လအထိ ၄ လတာကာလအတွင်း ထိုသို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ် ၆၀ ခုတွင် ကျူးလွန်သည့် အဖွဲ့အစည်းကို မသိရှိရသည့် သတ်ဖြတ်မှု ဖြစ်စဉ် ၄ ခုရှိခဲ့ပြီး အဆိုပါဖြစ်စဉ် ၄ ခုတွင် သေဆုံးသူ ၆၂ ဦး ရှိခဲ့ကြောင်း၊ ပြည်သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပုံစံတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများကို ပစ်မှတ်ထား၍ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းအသုံးပြုခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုး ဝင်ရောက်သတ်ဖြတ်ခြင်းများသည် အများဆုံးဖြစ်ပြီး ဒရုန်းနှင့် တိုက်ခိုက်ခြင်းအပါအဝင် အခြားပုံစံများဖြင့်လည်း ကျူးလွန်းခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီနှင့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအကြား နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်စဉ် ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးမှုများလည်း ရှိကြောင်း သိရှိရသည်။

လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၇၁ ဦး သေဆုံးခဲ့ရပြီး အဆိုပါ အရေအတွက်သည် အစုလိုက်သတ်ဖြတ်ခံရသည့် အရေအတွက်၏ စုစုပေါင်း ၃၈ ရာခိုင်နှုန်း ရှိကြောင်း၊ သတ်ဖြတ်ခံရမှုတွင် ရခိုင်ပြည်နယ် မောင်တောတွင် ၇၈ ဦး၊ စစ်တွေတွင် ၇၆ ဦး၊ သံတွဲတွင် ၅၆ ဦး၊ စဉ့်ကူးတွင် ၅၅ ဦး၊ မင်းကင်းတွင် ၃၈ ဦးဖြင့် အများဆုံး ဖြစ်ကြောင်း သိရှိရသည်။

စစ်ကြောင်းထိုး ဝင်ရောက်စဉ် သတ်ဖြတ်ခံရသည့် ပြည်သူ ဦးရေသည် စုစုပေါင်း ၁၅၅ ဦး ဖြစ်ကြောင်း ၊ လက် နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံးသူသည် ၁၁၉ ဦ အထိရှိကြောင်း၊ အခြားပုံစံများဖြင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသည့် ပုံစံ ၇ ခုရှိပြီး အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်း၊ မီးရှို့သတ် ဖြတ်ခြင်းနှင့် အခြားသော သတ်ဖြတ်မှုပုံစံများဖြစ်ကာ အဆိုပါ ဖြစ်စဉ်များကြောင့် ပြည်သူ အနည်းဆုံး ၇၂ ဦး သေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီက ဒရုန်း အသုံးပြု သတ်ဖြတ်ခြင်းကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့ကာ နှစ်ဖက် အပြန်အလှန်တိုက်ပွဲ ဖြစ်စဉ်ကြောင့် ပြည်သူ သေဆုံးရမှုသည် ၆၀ ကျော်အထိ ရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ မည်သည့် အင်အားစုက လုပ်ဆောင်သည်ကို မသိရှိရသော ပြည်သူ သေဆုံးမှု အနည်းဆုံး ၃ ခုရှိကာ စုစုပေါင်း သေဆုံး ၃၀ ဦး ရှိခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ပြောဆိုသည်။

ဓာတ်ပုံ-သီပေါတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ပြည်သူများ

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article