33 C
Yangon

ရေးမြို့နယ်အတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် ပါဝင်သူ အားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ် မည်ဟု YGF အသိပေး

Must read

ရေးမြို့နယ်အတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် ပါဝင်သူ အားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ် မည်ဟု YGF အသိပေး

ရန်ကုန်၊ အောက်တိုဘာ ၃

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲ အကြောင်းပြပြီး သန်းခေါင်စာရင်းကောက်ခြင်း လုပ်ဆောင်နေမှုတွင် ပါဝင်ပတ်သက်သူအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်မည်ဟု ရေးမြို့နယ် အခြေစိုက် ဒေါနစစ်ကြောင်း၂ ရေးပြောက်ကျားတပ်(YGF) က အသိပေး ထုတ်ပြန်လိုက်သည်။

အဆိုပါ သန်းခေါင်စာရင်း လိုက်လံကောက်ယူမှုတွင် ပါဝင်ပတ်သက်ခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြရန် ပါဝင်ပတ်သက်သူ အားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်မည် သတိပေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူများရွေးချယ်တင်မြှောက်ထားသော အစိုးရထံမှ မတရားအာဏာသိမ်းခြင်း၊ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သော ပြည်သူများအပေါ်လက်နက်အားကိုးကာ အကြမ်းဖက်နည်းမျိုးစုံဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်းများကိုဖျက်ဆီးခြင်းတို့ လုပ်ဆောင်နေကာ နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် အတုအယောင်ရွေးကောက်ပွဲကို ပြုလုပ်ရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article