27 C
Yangon

စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲ ဖြစ်မြောက်စေရန်အတွက် သန်းခေါင်စာရင်းကောက်ယူမှုတွင် ပါဝင်သူ အားလုံးကို အရေးယူမည်ဟု လောင်းလုံး PDF သတိပေး

Must read

စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲ ဖြစ်မြောက်စေရန်အတွက် သန်းခေါင်စာရင်းကောက်ယူမှုတွင် ပါဝင်သူ အားလုံးကို အရေးယူမည်ဟု လောင်းလုံး PDF သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲ ဖြစ်မြောက်စေရန်အတွက် သန်းခေါင်စာရင်း ကောက်ယူမှုတွင် ပါဝင်သူ အားလုံးကို အရေးယူမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

တရားမျှတစွာကျင်းပခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အကြောင်းအမျိုးမျိုးပြကာ အကြမ်းဖက် စစ်အုပ်စုက မတရားသဖြင့် အာဏာသိမ်းယူခဲ့သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း၊ စစ်အာဏာရှင်ပီပီ ယနေ့အချိန်အထိ နိုင်ငံတဝှမ်းနှင့် ပြည်သူလူထုအပေါ် လက်နက်အားကိုး အနိုင်ကျင့်သတ်ဖြတ်ကာ ရက်စက်ကြမ်းကြုတ်စွာပြုကျင့်ခဲ့ကြောင်း၊ အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ EROs များမှ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအား အမြစ်ဖြတ် ချေမှုန်းနိုင်ရန် နိုင်ငံတဝှမ်းတော်လှန်ရေးတိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိကြောင်း လောင်းလုံး PDF က သတိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ နေရာအနှံ့တိုက်ပွဲများဖြစ်ပေါ်လျှက်ရှိရာ စစ်ရှုံးကောင်စီသည် အကြပ်တည်းအမျိုးမျိုးဖြင့် အသက်ရှူ လမ်းကြောင်းပိတ်ဆို့ခံနေရပြီး အသက်ငင်လာသည့် အခြေအနေကြောင့် ၎င်းတို့ အသက်ရှုပေါက်ရရန် အသည်းအသန် ကြိုးစားလျှက်ရှိကြောင်း၊ သို့ဖြစ်၍ ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီမှ ပြုလုပ်ရန် ကြံစည်ဆောင်ရွက်နေသည့် အတုအယောင်ရွေးကောက်ပွဲကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လုံးဝလက်မခံကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ ရွေးကောက်ပွဲဖြစ်မြောက်စေရန် နှင့် ၎င်းတို့ အာဏာတည်မြဲစေရန် သန်းခေါင်စာရင်းကောက်ယူရာ၌ ပါဝင် ပက်သက်နေသူများအား ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဏာသိမ်း စစ်ကောင်စီမှ ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article