31 C
Yangon

ပြည်မြို့တွင် ဆေးရုံစောင့် အမျိုးသားတချို့ကို စစ်တပ်က ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးမှုဖြစ်ပွား

Must read

ပြည်မြို့တွင် ဆေးရုံစောင့် အမျိုးသားတချို့ကို စစ်တပ်က ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးမှုဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ ၅

ပဲခူးတိုင်း၊ ပြည်မြို့၊ ကုတင် ၅၀၀ ဆေးရုံကြီးတွင် ဆေးရုံစောင့် အမျိုးသားတချို့ကို စစ်ကောင်စီတပ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးမှု ဖြစ်ပွားခဲ့ပြီး လူငယ် ၁ ဦး စစ်သားအဖြစ် စုဆောင်းခံရကြောင်း မျက်မြင်ကြုံတွေ့ရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန် ပြည်မြို့၊ ကုတင် ၅၀၀ ဆေးရုံကြီး၏ ကူးစက်ရောဂါအဆောင်တွင် တက်ရောက်ကုသနေသော လူနာလာစောင့်သည့် အမျိုးသား ၂ ဦးကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားခဲ့ကြောင်း၊ ဖမ်းဆီးခံရသူ ၂ ဦးအနက်မှ အမျိုးသား ၁ ဦးမှာ စစ်မှုထမ်းရမည့် အသက်ကျော်လွန်နေသဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း ကျန် အမျိုးသားလူငယ်မှာ အသက် ၃၅ နှစ်အောက်ဖြစ်၍ စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

“ညပိုင်း လူနာစောင့် အမျိုးသား ၂ ဦးကို စစ်တပ်က ဝင်ဖမ်းတာ။ ဆေးရုံဝင်းထဲအထိ ဝင်ဖမ်းတာပါ။ အမျိုးသား ၂ ဦးမှာ ၁ ဦးက အသက်ကျော်နေလို့ ပြန်လွှတ်ပေးတယ်။ ကျန်တဲ့ အမျိုးသား ၁ ဦးက အသက် ၃၅ နှစ်အောက်မို့ စစ်မှုထမ်းဖို့ အခေါ်ခံရပါတယ်။ တပ်ဘက်က အဲဒီမိသားစုဆီတော့ စစ်မှုထမ်းဖို့ ခေါ်သွားတာ အကြောင်းကြားတယ်လို့ သိရတယ်” ဟု မျက်မြင်ကြုံတွေ့ရသူက ပြောဆိုသည်။

လက်ရှိ အောက်တိုဘာလဆန်းပိုင်း စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၆ အတွက် ပြည်မြို့နယ်အတွင်းတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ တောက်လျှောက်ဆိုသလို ဖြစ်ပွားလျက်ရှိပြီး အထူးသဖြင့် ညပိုင်းအချိန်များတွင် ဧည့်စာရင်း စစ်ရင်း ဖမ်းဆီးခံရသော လူငယ်အရေအတွက်များပြားနေကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article