28 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ပဲခူးတိုင်း တောင်ငူမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေး တပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၃ ဦးထက်မနည်း အသီးသီး သေကုန်ကြတဲ့အပြင် ၊ တပ်ရေးဗိုလ်ကြီးအပါအဝင် ဒဏ်ရာ ရတဲ့သူတွေလည်း တော်တော်များထားတယ်လို့ (BWM) တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့က ကွန်ပျူတာတက္ကသိုလ်ကို ဒီကနေ့ မနက်ပိုင်းမှာပဲ အကြမ်း ဖက် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး ၃ ကြိမ် ထပ်မံ ကျဲချသွားပြန်ပြီး ၊ စစ်ကောင်စီတပ်က လူထုကို သတ်ဖြတ်နေတဲ့ အပြင် သမိုင်းဝင်နေရာ၊ အမျိုးသားယဉ်ကျေးမှု နဲ့ ယုံကြည်ချက်ကိုပါ ချိုးနှိမ်စော်ကား နေပြီလို့ MNDAA ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

မြန်မာ အကြမ်းဖက် စစ်ကောင်စီက ကျင်းပမယ်ဆိုတဲ့ အတုအယောင် ရွေးကောက်ပွဲကို မြန်မာလူထု က ဆန့်ကျင်နေပြီး ရွေးကောက်ပွဲကြောင့် ပဋိပက္ခ နဲ့ တိုက်ခိုက်မှုတွေ ပိုမို တိုးပွားလာမှာဖြစ်တဲ့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article