28 C
Yangon

ထန်တလန်မြို့သိမ်းတိုက်ပွဲ တနေကုန် ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်သား အများအပြားသေဆုံးကာ စစ်တပ်က လေကြောင်းဖြင့် အကြိမ် ၇၀ ကျော် ဗုံးကျဲတိုက်ခိုက်

Must read

ထန်တလန်မြို့သိမ်းတိုက်ပွဲ တနေကုန် ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်သား အများအပြားသေဆုံးကာ စစ်တပ်က လေကြောင်းဖြင့် အကြိမ် ၇၀ ကျော် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၅

ချင်းပြည်နယ်၊ ထန်တလန်မြို့သိမ်းတိုက်ပွဲ တနေကုန်ပြင်းထန်ခဲ့ပြီ အကြမ်းဖက်စစ်ကောင်စီတပ် သားအများအပြားသေဆုံးကာ အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် အကြိမ် ၇၀ ကျော် ဗုံးကျဲ ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း CDF ထန်တလန်မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၄ ရက် နံနက် ၅ နာရီဝန်းကျင် မှစ၍ ထန်တလန်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ် စခန်းများကို ချင်းပြည်နယ်အစိုးရ ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီအထိ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သားအများအပြား ထိခိုက် သေဆုံးခဲ့ ကြောင်း၊ အထိနာသော အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း Y-12 လေယာဉ်ဖြင့်အကြိမ် ၆၀ ကျော်၊ ဂျက်ဖိုက်တာဖြင့် ၁၀ ကြိမ်ကျော်ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ထန်တလန်မြို့တွင်းတိုက်ပွဲက ဒီနေ့ဆိုရင် ရက်ပေါင်း ၇၆ ရက်ဖြစ်နေပြီ။ Tilim Operation – 4 ဆို တဲ့ နာမည်နဲ့တိုက်ပွဲဖော်ဆောင်နေတာ။ ဒီရက်၇၀ ကျော်အတွင်းမှာ တိုက်ပွဲက နေ့တိုင်းနေ့တိုင်း ရပ် တန့်ခြင်းမရှိပါဘူး။ ဒီလိုမျိုးနဲ့ ဆက်တိုက်ဆက်တိုက် တိုက်ပွဲဖော်ဆောင်နေတာရှိပါတယ်။ မနေ့ က တော့ မနက် ၅ နာရီဝန်းကျင်ကနေစပြီး ညနေ ၆ နာရီလောက်အထိ တစ်ရက်လုံးလုံးပြင်းထန်တာ၊ စခတွေကဘက် အကျအဆုံးလည်းများတယ်။ စခန်းရတဲ့နေရာတွေကတော့ ပြောလို့အဆင်မပြေ သေးလို့။ Y-12 နဲ့က ၆၀ ကျော်လောက်ဗုံးကျဲတယ်၊ ပြီးတော့ ဖိုက်တာနဲ့လည်း အကြိမ် ၁၀ ကျော် လောက် ဗုံးကျဲတယ်၊ စက်လက်ကြီးနဲ့ ပစ်တယ်။ တစ်ရက်လုံးလုံးလေယာဉ်နဲ့ ပစ်ကူလာပေးနေတာ။ ကျနော် တို့ဘက်ကတော့ မြို့ကို မသိမ်းမိမချင်းလက်လျှော့မှာ မဟုတ်ဘူး။”ဟု CDF ထန်တလန်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထန်တလန်မြို့သိမ်းတိုက်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့မှစ၍ Tilim Operation-4 အမည်ဖြင့် ချင်းပြည် နယ်အစိုးရ ပူးပေါင်းတပ်ဖွဲ့များက စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထန်တလန်မြို့ ရှေ့တန်းအမာခံ စခန်းဖြစ်သည့် Auto တောင်စခန်း ၃ ခု၊ ထန်တလန် – ဟားခါးလမ်းပိုင်းရှိများ အကြမ်းဖက် စစ်တပ် စခန်းများနှင့် ထန်တလန်မြို့တွင်းရှိ အကြမ်းဖက်စစ်သားများ အခိုင်အမာတပ်စွဲထားသော လိုင်ဗီလာ (Lai Villa) တည်းခိုခန်း စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article