28 C
Yangon

ဂန့်ဂေါမြို့နယ်၊ ရေရှင်မရွာ အနီးကို စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး

Must read

ဂန့်ဂေါမြို့နယ်၊ ရေရှင်မရွာ အနီးကို စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၅

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ရေရှင်မရွာ အနီးကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အောက်တိုဘာ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေရှင်မရွာ အနီးကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပထမ အကြိမ် ဗုံးကျဲ တိုက်ခိုက်မှုသည် ကျွန်းခုံသာရွာနှင့် ရေရှင်မကျေးရွာကြား ကျရောက်ပေါက်ကွဲခဲ့ပြီး ဒုတိယအကြိမ် ဗုံးကျဲ တိုက်ခိုက်မှုသည် ရေရှင်မကျေးရွာအနီး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်းခုံသာကျေးရွာမှ အမျိုးသား ၁ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခြင်းသည် ပအဖ အစည်းအဝေး ပြုလုပ်မည်ဟု သတင်းပေါက်ကြား၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အောက်တိုဘာ ၂ ရက်နေ့ ညပိုင်းကလည်း အကြမ်းဖက် စစ်ကောင်စီက ယောဒေသရှိ ထီးလင်းမြို့နယ် တစ်နေရာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

(မျက်မှောက်ခေတ်သည် ခေတ်သစ် မီဒီယာ၏ မိတ်ဖတ်ဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article