28 C
Yangon

သီပေါမြို့ရှိ စစ်တပ်၏ ခလရ ၂၃ တပ်စခန်း၌ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ၊ နောင်ချိုရှိ အမြောက်တပ် ၃၅၄ တပ်စခန်းကိုလည်း စစ်တပ်က လေကြောင်းဖြင့် ဗုံး ၅၉ လုံးကျဲချပြီး ဓာတုဗုံးများပါ အသုံးပြု တိုက်ခိုက်

Must read

သီပေါမြို့ရှိ စစ်တပ်၏ ခလရ ၂၃ တပ်စခန်း၌ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ၊ နောင်ချိုရှိ အမြောက်တပ် ၃၅၄ တပ်စခန်းကိုလည်း စစ်တပ်က လေကြောင်းဖြင့် ဗုံး ၅၉ လုံးကျဲချပြီး ဓာတုဗုံးများပါ အသုံးပြု တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၅

ရှမ်းပြည်နယ်၊ သီပေါမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၃ တပ်စခန်း၌ တိုက်ပွဲ ဆက်လက် ပြင်းထန်လျက်ရှိကြောင်း TNLA က ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် သီပေါမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၃ တပ်စခန်း၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသော သီပေါမြို့ရှိ ခလရ ၂၃ တပ်စခန်းနေရာကို အကြမ်းဖက် စစ်ကောင်စီတပ်က Jet Fighter ဖြင့် ၅ ကြိမ် ဗုံး ၈ လုံးနှင့် နောင်ချိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမြောက်တပ် ၃၅၄ တပ်စခန်းကို Y-12 ဖြင့် ၇ ကြိမ် ဗုံး ၅၉ လုံးနှင့် အဆိပ်ငွေ့ဗုံးများပါ လာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နောင်ချိုမြို တောင်ခမ်းရွာရှိ အကြမ်းဖက် စစ်တပ်၏ ၉၀၂ တပ်စခန်းကိုလည်း ထောက်ပို့လေယာဉ် Y-8 ဖြင့် ၇ ကြိမ် လက်နက်ခဲယမ်း ၆၀ ထုပ် လာရောက်ကျဲချ ပို့ဆောင်ခဲ့ကြောင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းကို စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article