30 C
Yangon

လားရှိုးမြို့ကို ယနေ့ မွန်းလွဲပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲပြန်၊ သီပေါ၊ လွယ်ကျိုင်ရွာကို လေကြောင်းဖြင့် ဗုံးကျဲမှု ပြည်သူတချို့ ဒဏ် ရာရ

Must read

လားရှိုးမြို့ကို ယနေ့ မွန်းလွဲပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲပြန်၊ သီပေါ၊ လွယ်ကျိုင်ရွာကို လေကြောင်းဖြင့် ဗုံးကျဲမှု ပြည်သူတချို့ ဒဏ် ရာရ

ရန်ကုန်၊ အောက်တိုဘာ ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ယနေ့ မွန်းလွဲပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း MNDAA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၆ မိနစ်အချိန် လားရှိုးမြို့နယ်၊ ရပ်ကွက် ၅ ၊ မန်အိုင်ကို စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးကျဲချခြင်းဖြစ်ပြီး ထိခိုက်ပျက်စီး ဆုံးရှုံးမှု အခြေအနေကို မသိရှိရသေးကြောင်း MNDAA သတင်းရင်းမြစ်က ရှင်းပြသည်။

“အပျက်အစီးအထိအခိုက် အခြေအနေ အသေးစိတ်မသိရသေးပါဘူး။ သိရရင် ပြောပါ့မယ်” ဟု MNDAA သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

ထို့ပြင် စက်တင်ဘာလ ၅ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီက သီပေါမြို့နယ် လွယ်ကျိုင်ကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် သားအမိ ၂ ဦးထိခိုက်ခဲ့ပြီး အခြားပြည်သူများလည်း ထိခိုက်ခဲ့ကြောင်း၊ နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ည ၉ နာရီ ၄၅ မိနစ်အချိန် သီပေါမြို့လယ်ခေါင်သို့ စစ်ကောင်စီက လေကြောင်းမှ ဗုံးများ ကျဲချခဲ့သဖြင့် နေအိမ်နှင့် ဆိုင်ခန်းများ မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး လူ ၁ ဦး ပျောက်ဆုံးနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ညပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပျက်စီးနေသော သီပေါမြို့နယ်၊ လွယ်ကျိုင်ကျေးရွာမှ နေအိမ်တချို့။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article